Tuesday, January 27, 2026

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။

Photo Credit to Owner- WNP ၏ ယာယီဉက္ကဌဖြစ်လာသည့် ဒုဉက္ကဌ ဉီးညီပလုပ်

ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် “ဝ” အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀ ရက်နေ့တွင် အရေးပေါ် အစည်း အဝေးကို Online Zoom Meeting ဖြင့်ကျင်းပခဲ့ပြီး လစ်လပ်သွားသော ဥက္ကဌတာဝန်နေရာတွင် ဒု ဥက္ကဌ (၁) ဖြစ်သူ”ဦးညီပလုပ်” အား ‘ဝ’အမျိုးသားပါတီ ၏ ယာယီဥက္ကဌ အဖြစ်တာဝန်ပေးအပ်ရန်အများမှ သဘော တူဆုံးဖြတ်ခဲ့ကြောင်း ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် ၎င်းတို့ ပါတီ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့အား ထောက်ခံ ကြောင်း (၂၈) ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် WNP ပါတီ၏ဥက္ကဌ ဖြစ်သူ ဦးဆိုင်းပေါင်းနပ်က ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ဥက္ကဌ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချကြောင်း ဩဂုတ်လ (၆) ရက်နေ့တွင် ပါတီက ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့ပါသည်။

ပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်မှ စစ်ကောင်စီကို ထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက် ပြီး ပါတီ အပါအဝင် လားရှိုး ဝ လူငယ်အဖွဲ့ကလည်း ကန့်ကွက်ရှုတ်ချမှုများ ရှိပြီးနောက် ဩဂုတ်လ (၁၁) ရက်နေ့တွင် ဦးဆိုင်းပေါင်းနပ်က ပါတီ ဥက္ကဌရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

ပါတီ၏ ဥက္ကဌ ဖြစ်လာသူ ဦးညီပလုပ်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက ဟိုပန်မြို့ နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူဖြစ်သကဲ့သို့ ၄င်းသည် “ဝ” တိုင်းရင်းသား စာပေဆိုင်ရာ လုပ်ငန်း အကြံပေးပုဂ္ဂိုလ်နှင့် “ဝ” သမိုင်းပြုစုရေးကော်မတီ ဝင်တစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံ WNP ပါတီဝင်တစ်ဦး CRPH နှင့် ပါဝင်ပတ်သက်ဟုဆိုပြီး စကစ အမှုဖွင့်

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် “ဝ” အမျိုးသားပါတီ (WNP)မှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ်(ခ) ဆမ်မာကို့စ် ကို အာဏာသိမ်းစစ်ကောင်စီ က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ဒေါက်တာ အမ်ဇော်လတ်သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပါဝင်ပတ်သက်မှုရှိနေသည်...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...