မိုင်းတုံ WNP ပါတီဝင်တစ်ဦး CRPH နှင့် ပါဝင်ပတ်သက်ဟုဆိုပြီး စကစ အမှုဖွင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် “ဝ” အမျိုးသားပါတီ (WNP)မှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ်(ခ) ဆမ်မာကို့စ် ကို အာဏာသိမ်းစစ်ကောင်စီ က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဒေါက်တာ အမ်ဇော်လတ်သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပါဝင်ပတ်သက်မှုရှိနေသည် ဟုဆိုပြီး အာဏာသိမ်း စစ်တေပ်၏ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့) က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က)ဖြင့် အမှုဖွင့်လိုက်ကြောင်း WNPပါတီမှ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦး က သျှမ်းသ့တော်ဆင့်ကိုေ ပြာသည်။

“အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပြုလုပ်တယ်ဆိုပြီး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလို ပြုပြီး ကျိုင်းတုံမြို့မရဲစခန်းမှာအမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂ (က)ဖြင့် အမှုဖွင့် လိုက်တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဒေါက်တာ အမ်ဇော်လတ်ကို အာဏာသိမ်းစစ်ကောင်စီကတစ်ဖက်သတ် အကြမ်းဖက်အဖြစ် သတ်မှတ်ထား သည့် NUG၊ CRPH အပါအဝင် CRPH မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သည်ဟုဆိုကာ မိုင်းတုံတပ်ဆွယ် စရတစု(၃)၏ တပ်စိတ်(၂)မှ တပ်စိတ်မှူး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလိုပြုလုပ်ပြီး မိုင်းတုံမြို့မ ရဲစခန်းတွင် စက်တင်ဘာလ(၂၀)ရက်နေ့၌ (ပ)၂၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့် လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

WNP ပါတီသည် အရင်ပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်မှ စစ်ကောင်စီကို ထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးပြီး ရာထူးမှ နှုတ်ထွက်သွားပြီးနောက် WNP ၏ ဥက္ကဌနေရာ အတွက် ဒု ဥက္ကဌ ဖြစ်သည့် ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးပြီး တစ်လခန့်အကြော ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပထမဆုံးအကြိမ် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...