Tuesday, January 27, 2026

မိုင်းတုံ WNP ပါတီဝင်တစ်ဦး CRPH နှင့် ပါဝင်ပတ်သက်ဟုဆိုပြီး စကစ အမှုဖွင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် “ဝ” အမျိုးသားပါတီ (WNP)မှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ်(ခ) ဆမ်မာကို့စ် ကို အာဏာသိမ်းစစ်ကောင်စီ က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဒေါက်တာ အမ်ဇော်လတ်သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပါဝင်ပတ်သက်မှုရှိနေသည် ဟုဆိုပြီး အာဏာသိမ်း စစ်တေပ်၏ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့) က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က)ဖြင့် အမှုဖွင့်လိုက်ကြောင်း WNPပါတီမှ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦး က သျှမ်းသ့တော်ဆင့်ကိုေ ပြာသည်။

“အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပြုလုပ်တယ်ဆိုပြီး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလို ပြုပြီး ကျိုင်းတုံမြို့မရဲစခန်းမှာအမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂ (က)ဖြင့် အမှုဖွင့် လိုက်တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဒေါက်တာ အမ်ဇော်လတ်ကို အာဏာသိမ်းစစ်ကောင်စီကတစ်ဖက်သတ် အကြမ်းဖက်အဖြစ် သတ်မှတ်ထား သည့် NUG၊ CRPH အပါအဝင် CRPH မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သည်ဟုဆိုကာ မိုင်းတုံတပ်ဆွယ် စရတစု(၃)၏ တပ်စိတ်(၂)မှ တပ်စိတ်မှူး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလိုပြုလုပ်ပြီး မိုင်းတုံမြို့မ ရဲစခန်းတွင် စက်တင်ဘာလ(၂၀)ရက်နေ့၌ (ပ)၂၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့် လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

WNP ပါတီသည် အရင်ပါတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်မှ စစ်ကောင်စီကို ထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးပြီး ရာထူးမှ နှုတ်ထွက်သွားပြီးနောက် WNP ၏ ဥက္ကဌနေရာ အတွက် ဒု ဥက္ကဌ ဖြစ်သည့် ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးပြီး တစ်လခန့်အကြော ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပထမဆုံးအကြိမ် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...