Tuesday, January 27, 2026

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။

နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၁၅) နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၆၁) နယ် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၆၁၂) နယ်၊ တိုင်းဒေသကြီး လွှတ်တော် နှင့် ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် (၂၉) နယ် စုစုပေါင်း မဲဆန္ဒနယ် (၁၁၁၇) နယ် ရွေးကာက်နိုင်ခဲ့ကြောင်း ဆိုပါသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း (၉၃) ပါတီ စာရင်းတင်သွင်းထားရာ ၎င်းတို့အနက် (၂) ပါတီ ပယ်ဖျက်ခံခဲ့ရသည်။ ထို့ပြင်ရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ထားခြင်းခံရသည့်နယ်မြေများမှ (၄) ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရသဖြင့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စုစုပေါင်း (၈၇) ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အမည်စာရင်းသွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅၆၃၉) ဦးရှိရာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၅၆၅) ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၇၇၉) ဦး၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၃၁၁၂) ဦး၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၇) သန်းကျော်ရှိပြီး မဲရုံပေါင်း (၃၉၀၀၀) ကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...

မိုင်းကိုင်ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုရာ TNP မပါဝင်

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန်အတွက် တောင်းဆိုရာမှာ တအောင်းပါတီ မပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေး ပါတီ ၅ ပါတီ ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) ၊ အမျိုးသား...