Tuesday, January 27, 2026

မိုင်းကိုင်ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုရာ TNP မပါဝင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန်အတွက် တောင်းဆိုရာမှာ တအောင်းပါတီ မပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ်တွင် နိုင်ငံရေး ပါတီ ၅ ပါတီ ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ( USDP) နှင့် တအောင်း(ပလောင်) အမျိုးသားပါတီ ( TNP ) တို့ အောက်တိုဘာ ၁၇ ရက်နေ့က စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကိုယ်စားလှယ်လောင်း အနေနဲ့ မဲဆွယ်စည်းရုံးရေး ကာလမှာ ရွာတွေကိုဆင်းဖို့ အဆင်မပြေတာ ကျနော်တို့ TNP အနေနဲ့ ဆင်းရင် ကျနော်တို့ ရောက်သွားတဲ့ ရွာတွေကို ရွာသားတွေက ခြိမ်းခြောက်ခံရတယ်။ အဲ့ကြောင့်မလို့ လက်မှတ် မထိုးလိုက်တာပါ” မိုင်းကိုင်မြို့နယ် တအောင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

TNP အနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလမှာ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ ခြိမ်းခြောက်ခံရကြောင်း မိုင်းနုမ်ဟန် ကပြောသည်။

“ဘာကြောင့်လို့ လက်မှတ်မထိုးတာလည်း ဆိုလို့ရှိရင် ကျနော်တို့ မဲဆွယ်စည်းရုံးရေး ကာလမှာ မဲဆွယ်လို့မရတဲ့ အခြေနေရောက်နေလို့ ကျနော်တို့အတွက် လုံခြုံရေးပိုင်းလည်းမရှိဘူး။ TNP အနေနဲ့ တရားမျှတမှုပိုင်းမရှိဘူး။ ကျနော်ပြောချင်တာ ဒါပါပဲ” ဟု မိုင်းနုမ်ဟန် ကပြောသည်။

ထို ကိစ္စနှင့် ပတ်သက်ပြီး မဲဆွယ်စည်းရေးရုံးရေးကာလတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကြုံတွေ့နေရသည့် အခက်ခဲများကို မြို့နယ်ကော်မရှင် မှ ခရိုင်ကော်မရှင်ထဲ စာပို့ထားကြောင်း သိရသည်။

နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တစ်ခုလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် မိုင်းကိုင်မြို့နယ် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများက ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို စာတင်ထားကြောင်း သိရသည်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တစ်ခုလုံးသည် နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် ဒေသဖြစ်သည့်အတွက် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုလျှင် မဲဆန္ဒရှင် ပြည်သူ စုစုပေါင်း (၅၆,၀၀၀) ကျော် မဲပေးနိုင်သည့် အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သိရသည်။

“ဘယ်လိုဖြစ်ဖြစ် ဒါက မဖြစ်သင့်တဲ့ ကိစ္စ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ တောင်းဆိုတယ်။ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ပြန်လည်ဖော်ဆောင်ပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ UEC ရဲ့ ဆုံးဖြတ်ချက်ကတော့ ပြန်လည်ပြင်ဆင်ပေးဖို့ ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုတယ်” ဟု မိုင်းကိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ပြုရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း လည်း သျှမ်းပြည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း ရပ်ရွာ အေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်းများစသည့် တရားမဲ့ ပြုကျင့်မှုမာျးကို တွေ့ရှိရသည်ဟု အောက်တိုဘာ (၁၆) ရက် တွင် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။ “ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။...