Tuesday, January 27, 2026

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

ဓာတ်ပုံ နိုဝင်ဘာ (၈)ရက် မိုင်းတုံမြို့နယ် အတွင်း အသက်မပြည့်ကလေးများ လူစားထိုးမဲလာပေးနေသည့်ပုံ

သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ မဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှု နှင့် လူစားထိုး မဲပေးမှုများစွာ ရှိခဲ့ကြောင်းလည်း သိရသည်။

“ ရွေးကောက်ပွဲက တရားမျှတမှု လွတ်လပ်မှုကတော့ အပြည့်ဝမရှိဘူး။ မဲဆန္ဒရှင်တွေက တစ်ချို့ဒေသတွေမှာ လွတ်လွတ်လပ်လပ် မဲပေးခွင့်မရှိတာလဲရှိတယ်။ လက်နက်ကိုင်အဖွဲ့တွေက ဒီပါတီကို မဲပေးပါဆိုပြီး ချိန်းခြောက်တာ လဲရှိတယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD )အထွေထွေအတွင်းရေးမှူး စိုင်းလိတ် ကပြောသည်။

တချို့ သျှမ်းပြည်ဒေသတွင် အသက်မပြည့်သေးသည့် လူငယ်များသည် လူစားထိုးမဲပေးမှုနှင့် လက်နက်ကိုင်တပ်ဖွဲ့ မှ ခြိမ်းခြောက်ကာ မဲပေးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိကြောင်း စိုင်းလိတ်က ပြောသည်။

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကလည်း ယခုတခေါက်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်ကြောင်းနှင့် UEC ၏ ဆုံးဖြတ်ချက်အတိုင်းဖြစ်သဖြင့် ငြင်းဆန်၍မရကြောင်း SNDP အတွင်းရေးမှူး စိုင်းဖိုးအောင် ကပြောသည်။

ရွေကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းပြီး “ဘက်လိုက်မှုကင်းပြီး စည်းကမ်းကျနသည့် ရွေးကောက်ပွဲ နောက်တကြိမ်ကျင်းပရန် ” ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က နိုဝင်ဘာ ၁၁ရက် တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ ၌ ပြောသည်။

ထိုရွေးကောက်ပွဲတွင် အာဏာရပါတီများက အခွင့်ရေးပိုရနေကြောင်း မဲဆွယ်စည်းရုံရေးဆင်းရာတွင် စည်းကမ်းလိုက်နာမှု မတူညီကြောင်း USDP ဗဟိုပါတီ ကော်မတီဝင်၊ သျှမ်းပြည် တောင်ပိုင်း ပြည်နယ်ကော်မတီဝင် ဦးစိုင်းဇော်ဇော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့က နည်းနည်းလေးတော့ပြောစရာရှိတယ်။ မတရားဘူးလို့လဲမဆိုလိုပါဘူး။ အာဏာရပါတီက အခွင့်ရေးပိုရသလိုဘဲပေါ့။ မဲဆွယ်စည်းရုံးတဲ့ကန့်သတ်တဲ့စည်းကမ်းလေး တွေကော ကျနော်တို့ပါတီငယ်လေးတွေနဲ့ စည်းကမ်းလိုက်နာတဲ့နေရာမှာ မတူညီကြဘူး” ဟု ဦးစိုင်းဇော်ဇော် ကပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲတွင် UEC ၏‌ အားနည်းများရှိသော်လည်း ရွေးကောက်ပွဲရလဒ်များသည် တရားမျှတမှုရှိကြောင်း နိုင်ငံရေးလေ့လားသုံသပ်သူ ဦးမောင်မာင်စိုးက ပြောသည်။
“ UEC ရဲ့ရွေးကောက်ပွဲကော်မရှင်မှာ အားနည်းချက်ရှိသော်လည်း ကျနော့်အမြင်ကတော့ ရွေးကောက်ပွဲ ရလဒ်တွေ ကတော့ မျှတတယ်လို့ထင်တယ်။ ရွေးကောက်ပွဲ ရလဒ်တွေကတော့ ဒီအတိုင်းဘဲထွက်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦမောင်မောင်စိုးကပြောသည်။

ထိုသို့ရွေးကောက်ပွဲအပြီးတွင် ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ ၌ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးပါတီ USDP က ရွေးကောက်ပွဲ အသစ်တစ်ခုပြန်လည် ပြုလုပ်ပေးဖို့တောင်းဆိုသည့် အပေါ်တွင် အကျိုးကြောင်းမဆီလျော်ကြောင်း နှင့် ဖြစ်လာနိုင်ဖို့ မရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူတချို့ ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရားမျှတမှု မရရှိဘဲ ဝဋ်ကြွေးလို့ ဖြေသိမ့်နေရတဲ့ သျှမ်းကိုရင်လေးဘဝ

0
“ သားလေး သေပြီလို့ ကြားလိုက်ရချိန်မှာ ကျမ အရူးတယောက်လိုပဲ။ အရမ်းပြန်ချင်ပြီး သားကိုတွေ့ချင်တယ်။ လိုက်ပါသေချင်တယ်။ ရင်ထဲမှာ မီးတောက်လိုပဲ” လို့ ပူလောင်သောက တွေနဲ့ မိခင်ဖြစ်သူက ပြောလာပါတယ်။ သားလေးရဲ့ အနာဂတ် အတွက် တိုင်းတပါး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေချိန် နေအိမ်မှာ ကျန်ရှိနေတဲ့ သားတော်...

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၆နှစ်ကြာ တရားမျှတမှု မရသေးသည့် ကောင်းခါး ကချင်ဆရာမ (၂)ဦး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာ တွင် တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ(၂)ဦး မုဒိမ်ကျင့် သတ်ဖြတ်ခံရသည်မှာ (၆)နှစ်ကြားခဲ့သော်လည်း ယနေ့ထိတိုင် တရားမျှတမှု မရရှိသေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၁၅ခုနစ် ဇန်နဝါရီ ၁၉ ရက်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေလွှတ်လိုက်သည့် စေတနာဝန်ထမ်း ဆရာ မရန်လုရာ...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...