Wednesday, January 28, 2026

တရားမျှတမှု မရရှိဘဲ ဝဋ်ကြွေးလို့ ဖြေသိမ့်နေရတဲ့ သျှမ်းကိုရင်လေးဘဝ

“ သားလေး သေပြီလို့ ကြားလိုက်ရချိန်မှာ ကျမ အရူးတယောက်လိုပဲ။ အရမ်းပြန်ချင်ပြီး သားကိုတွေ့ချင်တယ်။ လိုက်ပါသေချင်တယ်။ ရင်ထဲမှာ မီးတောက်လိုပဲ” လို့ ပူလောင်သောက တွေနဲ့ မိခင်ဖြစ်သူက ပြောလာပါတယ်။

သားလေးရဲ့ အနာဂတ် အတွက် တိုင်းတပါး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေချိန် နေအိမ်မှာ ကျန်ရှိနေတဲ့ သားတော် ပျံ့လွန်သွားတဲ့အကြောင်း သိလိုက်ရတဲ့မိခင်တစ်ဦးအနေနဲ့ ဆောက်တည်ရာ မရ သောကတွေနဲ့ဖြစ်နေပါတယ်။

သူမဟာ လွန်ခဲ့တဲ့ စက်တင်ဘာ (၃)ရက် သျှမ်းပြည်တောင်ပိုင် ကျေးသီးမြို့နယ် မိုင်ကောင်းကျေးရွာ တွင် နွားနို့ တဗူး သောက်တဲ့ ကိစ္စကြောင့် ဦးဇင်း က ရိုက်နှက်ကာ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ပျံ့လွန်သွားခဲ့ရတဲ့ အသက် (၉ )နှစ် အရွယ်ရှိ ကိုရင်လေး ပျံ့လွန်တော်မူခဲ့ရပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်မှုနဲ့ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှုတွေကြောင့် မိဘ(၂)ပါးနဲ့ အတူမနေထိုင်နိုင်တဲ့ အသက် (၉ )နှစ်အရွယ် စိုင်းအောင်စင့်လျန်း ကို သင်္ကန်းဝတ်ခိုင်းခဲ့ပြီး ကိုရင်လေး သြဝါဒ အဖြစ် မိဘတွေက ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။

“ကျောင်းကပိတ်တော့ ကျမတို့သားကို သင်္ကန်းဝတ် ဘုန်းကြီးကျောင်းသွားထားတာ။ အိမ်မှာနေရင်ဆော့တယ်။ ကျောင်းလည်းမဖွင့်တော့ ကိုရင်ဝတ်ချင်တယ်ဆိုလို့ ကျမတို့ ဝတ်ပေးလိုက်တယ်” လို့ ကိုရင်လေးရဲ့ မိခင်ဖြစ်သူ နန်းမွန်နု က စိတ်မကောင်းစွာ ပြန်ပြောပြပါတယ်။

ကိုရင်လေးသြဝါဒ အဖြစ် တစ်နှစ်ကျော်ခံယူပြီးချိန်မှာ ည နို့တဗူး သောက်ယူမှုကြောင့် ဦးဇင်းက ရိုက်နှက်ကာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

ထိုဒဏ်ရာရရှိချိန် မိခင်ဖြစ်သူက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် နယ်စပ် အဝင်၊အထွက်ပိတ်ထားမှု၊ နိုင်ငံရေး ရှုပ်ထွေးမှုတွေကြောင့် အဝေးကနေပြီး ပူလောင်သောက ရောက်နေရပါတယ်။

“ သားလေး ဒဏ်ရာရရချင်း သိကတည်းက အိမ်ပြန်ချင်တယ်။ သားဘေးမှာနေပြီး ဆေးကုပေးချင်တယ်။ ဒါပေမယ့် ဖုန်းနဲ့ပဲ နှစ်သိမ့်ခဲ့ရတယ်။ သားရဲ့ အသက်ဆုံးရှုံးရမယ်ဆိုတာ ကျမ လုံးဝမထင်ခဲ့ဘူး” လို့ မိခင် နန်းမွန်နု က ငိုသံဖြင့် ပြောပါတယ်။

နောက်ဆုံး မြန်မာပြည်နေအိမ်မှ ကိုရင်လေး သြဝါဒ ပျံလွန်တော်မှုသွားပြီဆိုတဲ့သတင်းကြောင့် မိခင်နန်းမွန်နု တယောက် ဆောက်တည်ရာမရဘဲ အဝေးကနေပြီး နာကျင်စွာဖြင့် ငိုကြွေးခဲ့ရပါတယ်။

“ အဝေးကနေ သူ့သား မပျံလွန်သွားခင်မှာ ဖုန်းဆက်ပြီး အခြေနေမေးနေရုံပဲ။ နောက် ကျမ သူ့ကို မိခင်တယောက် သား လုပ်ပေးချင်တာ မလုပ်ပေးနိုင်ခဲ့ဘူး။ စိတ်တော့ မကောင်းဘူး” လို့ သူမက ဆိုပါတယ်။

ကိုရင်လေးက ရိုက်ခံရပြီးသေသွားသည်ကို နာကျင်နေသော်လည်း အရင်ဘဝက ဝဋ်ကြွေးကို အပြစ်တင်နေရုံက လွဲပြီး ဘာမှ မလုပ်နိုင်တော့ကြောင်း ဖခင်ဖြစ်သူ စိုင်းအောင် ကလည်း ဝမ်းနည်းစွာဖြင့် ရင်ဖွင့်ပြောဆိုလာပါတယ်။

“ကျနော်တို့ရဲ အရင်ဘဝက ဝဋ်ကြွေးကြောင့်ပဲ ကျနော်တို့ သားအဖက အဝေးမှာနေကြရတယ်။ ပြီးတော့ ဒီလိုမထင်ဘဲ ပျံလွန်သွားတယ်ဆိုတော့ ကျနော်တို့ ရင်ထဲမကောင်းဘူး။ တရားနဲ့ပဲ တွေးရင် အရင်က ကျနော်တို့ရဲ့ ဝဋ်ကြွေး တွေကြောင့်ပဲ ဖြစ်မယ်” ဟု ဖခင်က ဖြစ်သူက ပြောပါတယ်။

ကိုရင်လေး သြဝါဒသည် မိဘ (၂)ပါးနှင့် ငယ်စဉ်အရွယ်ကတည်းက အတူမနေထိုင်ခဲ့ရပဲ မိဘ၊ ဘိုးဘွားတွေနဲ့ပဲ နေထိုင်ရကာ ပျံလွန်တော်မူချိန်ထိ မိဘ (၂)ပါးစလုံးဘေးတွင် မရှိခဲ့ပေ။

ကိုရင်လေး တွင် မိသားစုဝင် (၄)ဦး ရှိပြီး ထိုထဲတွင် အငယ်ဆုံးသားဖြစ်ကာ မိဘ(၂)ပါးနဲ့ ငယ်စဉ်ကလေးဘဝကတည်းက ခွဲနေခဲ့ရသူဖြစ်ပါတယ်။

“ကျနော်တို့ မိသားစုမှာ နောက်ဆုံးမွေးလာတဲ့သူက အရင်ဆုံး လူ့ဘဝထဲ စွန့်ခွာသွားသူ။ စိတ်မကောင်းဘူး။ ဘာမှ လည်း မလုပ်ပေးနိုင်ဘူး” လို့ ဖခင်ဖြစ်သူက ဝမ်းနည်တဲ့လေသံဖြင့် ပြောပြပါတယ်။

ကိုရင်လေးဟာ ငယ်စဉ်ကတည်းက အဟာရ ချို့တဲ့ကာ ကိုယ်ခံအားမရှိတဲ့အတွက် ညပိုင်း နွားနို့ တဗူးသောက်မှုကြောင့် ဦးဇင်း ဉီးဣန္ဒော က တုတ်နဲ့(၁၀)ချက် ရိုက်နှက်ကာ လမ်းမလျှောက်နိုင်တဲ့အထိ ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့ပါတယ်။
“ ရိုက်ခံရပြီးနောက်ပိုင်းမှာ ခေါင်းတဆစ်ဆစ် ကိုက်ပြီး ခန္ဓာကိုယ်ပေါ်မှာလည်း ရိုက်ခံထားရတဲ့ ဒဏ်ရာတွေက ညိုမဲစွဲနေပြီး ကိုရင်လေးပျံလွန်သွားတဲ့အချိန်ထိ အဲဒဏ်ရာတွေက ကျန်ရှိနေပါသေးတယ်” လို့ ကိုရင်လေး နဲ့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦး က ပြောပါတယ်။

ကိုရင်လေးက နဂိုးကတည်းက အတတ်ရောဂါအခံရှိထားသူတစ်ဦးဖြစ်တဲ့အလျောက် အိမ်မှာ ဆေးကောင်းမွန်စွာ မကုသနိုင်တဲ့အတွက် လမ်းမလျှောက်နိုင်တော့ဘဲ လေဖြတ်သလို ဖြစ်သွားကြောင်း လည်း အထက်ပါ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

ရိုက်ခံရပြီးသေဆုံးသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး မိုင်ကောင်းကျေးရွာတွင် စက်တင်ဘာ (၁၀) ရက်နေ့က ကျောင်းထိုင်ဆရာတော် ဦးနန္ဒဆာမိ က ဦးဇင်း ဉီးဣန္ဒော၊ ကျေးသီးသံဃာ့နာယက နဲ့ ကျေးသီး မိဘပြည်သူတွေ အစည်းအဝေးခေါ်ဆိုခဲ့ပါတယ်။

သျှမ်းပြည် ကျေးရွာလူထုတွေ ဟာ သံဃာတော်ရဲ့ စကားကို အယုံအကြည်ရှိကြပြီး နားထောင်လေ့ရှိတဲ့အတွက် သံဃာတော်ဘုန်းကြီး မိန့်ကြားသမျှကို မမှိတ်မသုန် ယုံကြည်ကြပါတယ်။

ဒါ့ကြောင့် ကျေးရွာ ပြည်သူတွေဟာ သံဃာအဖွဲ့အစည်းကို ကိုရင်လေး ပျံ့လွန်တော်မူတဲ့ကိစ္စ တစုံတရာ ပြောဆိုဝေဖန်မှု မပြုလုပ်ရဲသလို တရားစွဲဆိုမှုကိုလည်း မပြုလုပ်ခဲ့ကြပါ။

“ အရေးယူတာတွေတော့မရှိပါဘူး။ ဆွမ်းလေးကပ်ပေးရင်ရပါပြီ။ ကျန်တဲ့ အရေးယူတာတော့ သံဃာတွေကိုပဲ အပ်လိုက်ပြီ။ ကျမတို့တော့ ပြောရင်လည်း ဆရာတော် စိတ်တိုမှာလည်း ကြောက်ရတယ်လေ” ဟု မိုင်ကောင်းကျေးရွာ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ကျေးရွာပြည်သူတွေကတော့ ကိုရင်လေး ပျံလွန်တော်မူကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ ဦးဇင်း ကို အပြစ်ပေး အရေးယူရန် သံဃာတော်အဖွဲ့အစည်းကို အပ်နှံပေးခဲ့ပါတယ်။

ဒါ့ပေမယ့် ဦးဇင်း ဉီးဣန္ဒော ဟာ ကိုရင်လေးကို ရိုက်ခဲ့ခြင်းမှာ နောင်တချိန်ထပ်မံခိုးယူမှုမရှိစေရန်အတွက် ဆုံးမခြင်း၊ စေတနာနဲ့ ရိုက်နှက်မှုကြောင့် ဘုရားဝိနည်းအရ လွန်စွာပြစ်မှားမှုမရှိတဲ့အတွက် ထိုဦးဇင်းကို သံဃနာယက အဖွဲ့မှလည်း အပြစ်ပေးအရေးယူမှုမရှိခဲ့ပေ။
“ ကျနော်တို့ အစည်းဝေးလုပ်ပြီးပြီး။ သူတို့ မိဘကလည်းအဝေးမှာဆိုတော့ ဘယ်လိုမှ အရေးယူလို့မရဘူး။ ဒါပေမယ့် ကိုရင်လေးရဲ့ဆွမ်းကိုတော့ လုပ်ခိုင်းတယ်။ ရိုက်တဲ့ ဦးဇင်းကလည်း ကျောင်းမှာပဲ။ အရေးယူမှုတော့မရှိပါဘူး။ နောက်လာဒီလိုထပ်မဖြစ်အောင်တော့ ဆုံးမပြောဆိုထားတယ်။ သူရိုက်ခဲ့တာလည်း သေတဲ့အထိ ရိုက်ဖို့ရည်ရွယ် ခဲ့တာမဟုတ်တာကြောင့် ဘုရားဝိနည်းအရမမှားဘူး” ကျေးသီးမြို့ သံဃာနာယက က မိန့်ကြားပါတယ်။

ကျူးလွန်ခဲ့တဲ့ ဦးဇင်း ဉီးဣန္ဒော ဟာ ကျောင်းထိုင်ဆရာတော်နဲ့ဆွေမျိုးမကင်းဖြစ်သလို ကျေးသီးမြို့နယ် မိုင်ကောင်းဘုန်းကြီးကျောင်း နာမည်ပျက်မှာစိုးရိမ်မှုက တကြောင်း၊ တရားစီရင်ရေးကို နားမလည်တဲ့အတွက်က တကြောင်း လက်ရှိမှာ ကျူးလွန်ခံရသူဟာ လွှတ်မြောက်နေရခြင်းဖြစ်တယ်လို့ သျှမ်းလူထုအသိုင်းအဝန်း က ပြောဆိုလိုက်ပါတယ်။

“ ကျေးရွာပြည်သူတွေက တရားစီရင်ရေး၊ ဥပဒေကိုလည်းမသိ။ ဘုန်းကြီးပြောရင် ခေါင်းညိမ့်ကြတယ်။ ဘာမှ ပြန်မပြောရဲကြဘူး။ ကိုရင်လေးရဲ့ မိဘကလည်း အဝေးဆိုတော့ အမှုလည်းမဖွင့်နိုင်။ တကယ်ဆိုရင် သံဃာနာယက အဖွဲ့က ဦးစီးပြီး စံပြအနေနဲ့ အရေးယူရမှာ” လို့ သျှမ်းလူငယ် တစ်ဦးက ထောက်ပြပြောဆိုပါတယ်။

ယခုလိုကိစ္စမျိုးကို အရေးမယူဘဲထားသွားခဲ့ပါက နောင်လာမည့် ကလေးသူငယ်များတွေရဲ့ အနာဂတ်ကို စိတ်ပူရကြောင်း၊ ဥပဒေကို လူတွေလေးစားလာမှုက အားနည်းလာနိုင်တာကြောင့် အရေးယူပြီး ဆုံးမသင့်ပါတယ်လို့ တောင်ကြီးမြို့ ရှေ့နေတဦးက ပြောပါတယ်။

“ ဒါကို အရေးမယူဘူးဆိုရင် နောင်လာမဲ့ ကလေးတွေအတွက်စိုးရိမ်းရတယ်။ ကလေးတွေရဲ့ အနာဂတ်က စိတ်ပူရတာပေါ့။ နောက်ပြီး ပြည်သူတွေက ဥပဒေကို မလေးစားတော့ဘူးလေ။ ဥပဒေ အထက်ပေါ်မှာ ပြည်သူတွေက ရှိနေတော့မှာလေ။ တကယ်ဆို ဥပဒေအောက်မှာ ပြည်သူတွေက နေထိုင်ရမှာ” လို့ တောင်ကြီးမြို့ ရှေ့နေက ပြောပါတယ်။

၂၀၁၉ ကလေးသူငယ်များဆိုင်ရာ ဥပဒေအရ ပုဒ်မ ၁၀၃(က)(၄)တွင် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်းစေလျှင်၊ အဓမ္မဝန်ဆောင်မှုပေးစေလျှင် ထောင်ဒဏ် ၈ လမှ ၅ နှစ်ထိ နှင့် ဒဏ်ငွေ ကျပ် ၈ သိန်းမှ ၁၆ သိန်း ထိ ကျခံနိုင်ပါတယ်။

ဥပဒေတွေရှိနေသော်လည်း ကိုရင်လေးရဲ့ မိဘတွေကတော့ ရက်လည်ဆွမ်းကပ်ပေးရုံဖြင့်သာ ကျေနပ်သွားခဲ့ရပါတယ်။

“ ကျမပိုက်ဆံလည်း မလိုချင်ဘူး။ ဦးဇင်းကို ပြန်ဆုံးမပေးစေချင်တယ်။ နောက်ရှေ့လျှောက်ဒီလို မဖြစ်စေချင်ဘူး။ အခုလို သံဃာတွင်းကိစ္စက ကျမသား နောက်ဆုံးဖြစ်စေချင်တယ်” လို့ မိခင်က တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

ကျေးသီးမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံများ တောင်ယာမသွားရန် SSPP သတိပေး

0
သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း နေထိုင်သူများကို တောင်ယာ မသွားကြရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သတိပေးထားကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့သည် ဇူလိုင် လလယ်မှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီး ပြည်သူများကို...

ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့...

ကျေးသီးမြို့နယ် ကျောက်မီးသွေး အလွန်အကျွံ တူးဖော် အနံ့ဆိုးထွက်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး အလွန်အကျွံ တူးဖော်နေခြင်းကြောင့် အနံဆိုးထွက်ပြီး ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လ မှ စတင်ပြီး လက်ရှိအချိန်ထိ ၈ လ အတောအတွင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ အရှေ့ဘက်ရှိ မိုင်းကောင်ကျေးရွာတဝိုက်တွင် ကုမ္ပဏီ ၄ ခုမှ...

ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာကြေင်း စုံစမ်းသိရသည်။ လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...