Wednesday, January 28, 2026

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။

“တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP ၏ အထွေထွေအတွင်းရေးမှူး စိုင်းဖိုးအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲပြီးမြောက်ပြီး မဲရလဒ်ကြေညာရာတွင် မဲပေးနိုင်သော ဦးရေထက် မဲအရေအတွက် သန်းချီပိုပေးထားသည့် မဲမသမာမှုများ ရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းပြီးမှသာလျှင် လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သင့်ကြောင်း ရေးသားထားသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁) ဦး အနိုင်ရရှိခဲ့သည်။

တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ (၈) ရက်မှာ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...

SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇)...

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့နှင့် NSPNC တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး

0
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉၊ ၂၀ ရက်)တို့တွင် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...