နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို ယခုနှစ် ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ကျင်းပရန် လျာထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အလားတူ ယခင် ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင် အချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ပေါင်းစပ်ကျင့်သုံးကြောင်း အားလုံးသဘောတူ ဆုံးဖြတ်ပြီးပါက တစ်နိုင်ငံလုံး အသိပေးမှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“အခု သတင်းထွက်နေတာက ပြည်သူ့လွှတ်တော်ကို နိုင်သူ အကုန်ယူစနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောတယ်။ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကျတော့ အချိုးကျ ကိုယ်စားပြု PR စနစ်နဲ့ လုပ်မယ်။ ဒီလိုဆိုရင် ပါတီတစ်ခုတည်းက လုံးဝ နိုင်သွားတာမျိုးတော့ ဖြစ်မယ့်ပုံ မပေါက်ဘူး။ အဲ့လို ညွှန့်ပေါင်း အစိုးရ ဖြစ်လာရင်တော့ တိုင်းပြည်အတွက် အများကြီး ကောင်းမယ်လို့ ယုံကြည်တယ်”ဟု SNDP ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် အချိန် ၉ လခန့် ကျန်ရှိပြီး မဲမသမာမှု ပြုလုပ်ရန် မလွယ်ကူသည့် Electronic Voting Machine စနစ်ဖြင့် မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

ထို့အပြင် ပါလီမန်ဒီမိုကရေစီခေတ်က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကို တစ်ကြိမ်တည်း ကျင်းပခဲ့ခြင်းမဟုတ်ဘဲ ၎င်းဥပမာပေးကာ စစ်ကောင်စီကလည်း ရွေးကောက်ပွဲ အထမြောက်သည့် အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ဆိုသည်။

“ကျနော်တို့ ဆွေးနွေးတဲ့ထဲမှာ မတည်ငြိမ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်က မြို့နယ်ခွဲအပါ ၈၅ မြို့နယ်။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတယ်၊ ၈၅ မြို့နယ်ကတော့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲ ရှိတာပေါ့နော်။ ဒီပုံစံနဲ့ဆိုရင် မြို့နယ်ပေါင်း ၂၀၀ ကျော်တော့ ကျင်းပလို့ ရနိုင်တဲ့ အလားအလာ ရှိပါတယ်”ဟု ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC တွင် မှတ်ပုံတင်ထားသည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) အနေဖြင့် သျှမ်းပြည်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်တိုင်းနှင့် ပြည်ထောင်စုတဝှမ်းလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်သည့် မြို့နယ်များမှ လွဲ၍ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် မူဆယ်၊ တန့်ယန်း၊ မိုင်းရယ် (၃) မြို့နယ်၊ သျှမ်းပြည်အရှေ့ပိုင်းမှ (၉) မြို့နယ်၊ သျှမ်းပြည်တောင်ပိုင်းမှ (၂၁) မြို့နယ်၊ စုစုပေါင်း (၃၃) မြို့နယ်ထက်မနည်း ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ဆိုသည်။

အခြားတစ်ဘက်တွင်လည်း မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ နေပြည်တော်၌ သုံးရက်တာ ကျင်းပနေသည့် “ငြိမ်းချမ်းရေး စကားဝိုင်း”တွင် EAOs (၅) ဖွဲ့မှ ကိုယ်စားလှယ်များ၊ စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ရွေးကောက်ပွဲ ကိစ္စများကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုံစာ – နေပြည်တော်တွင် ကျင်းပခဲ့သည့် “ငြိမ်းချမ်းရေး စကားဝိုင်း”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...