Friday, September 13, 2024

တောင်ကြီးတွင် ကျန်းမာရေးဂိတ်များပြန်ဖွင့်

Must read

ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်မှု မရှိစေရန် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးခရိုင်မှာ ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သျှမ်းပြည်အစိုးရထံ မှ စုံစမ်းသိရှိရသည်။

https://www.facebook.com/permalink.php?story_fbid=818322822035850&id=100015744195464

အဆိုပါ စစ်ဆေးရေးဂိတ်များသည် တောင်လေးလုံး နှင့် ကလောမြို့တွင် သြဂုတ် (၂၄) ရက် နေ့လည်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“လောလောဆယ် တောင်လေးလုံး နဲ့ ကလော ကိုဖွင့်ပြီးတော့ အခြေနေ တချက်စောင့်ကြည့်လိုက်အုံးမယ်။ လိုအပ်လာရင် တစ်ခြားမြို့နယ်တွေကိုလည်း ထပ်လုပ်ရမှာပေါ့။” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပေါ်လာသည့်အတွက်ကြောင့် တောင်ကြီးမြို့တွင်လည်း Quarantine ၂ နေရာ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တောင်ကြီး စေတနာ့ ဝန်ထမ်း ကိုဝင်းနိုစိုး ကပြောသည်။

“တောင်ကြီး တက္ကသိုလ် နဲ့ တောင်ကြီး ကွန်ဗျုတာ တက္ကသိုလ် ပြန်ဖွင့်ဖို့ စီစဉ်နေပါပြီ။ စောင်တွေ လျှော်တာ camp တွေ ပြင်ဆင်ထားတာတွေ လုပ်နေပါပြီ။ တောင်လေးလုံးမှာလည်း စစ်ဆေးရေးဂိတ် တစ်ခု ဖွင့်လိုက်ပါပြီ” ဟု ကိုဝင်းနိုင်စိုး ကပြောသည်။

ကလောမြို့နယ်တွင် အနံ့မရသည့် ကိုဗစ် -၁၉ သံသယ လူနာတစ်ဦးရှိပြီး အဆိုပါ လူနာသည် ခရီးသွား ရာဇဝင် မရှိသလို ထိတွေ့လူနာ နှင့်လည်း မရှိကြောင်း သိရသည်။

“ လောဆယ် ကလောမှာ သံသယ လူနာ ၁ဦးပဲရှိပါတယ်။ အရင်လတွေတုန်းကလည်းရှိခဲ့ပါတယ်။ အနံ့ပျောက်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်” ဟု ကလောမြို့ဆေးရုံမှ ဆရာဝန် တဦး ကပြောသည်။

သျှမ်းပြည် လူထု အနေဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး မပေါ့ဆရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကို သေချာစွာ လိုက်နာရန် လိုအပ်ကြောင်း သျှမ်းပြည်နယ် အစိုးရ လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။

သျှမ်းပြည်အတွင်းရှိ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးဂိတ်များကို ပြီးခဲ့သည့် ဇွန်လ လဆန်းပိုင်းက ပိတ်သိမ်းခဲ့သည်၊၊

ကိုဗစ် ကာလအတွင်း ပြည်သူများ လိုက်နာရမည့် အချက်များကို မလိုအပ်ပဲ အပြင်မထွက်စေရန်၊ Social Discing လိုက်နာရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန် နှင့် Quarantine ကိစ္စတွေမှာ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ဟူသည့် သြဂုတ် (၂၁) ရက်နေ့က သျှမ်းပြည်အစိုးရက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၄၇၄)ဦးရှိပြီး ပြန်လည် သက်သာလာသူ (၃၄၁)ဦးရှိကာ သေဆုံးသူ ၆ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article