ရွာငံတွင် ပျူစောထီးများက စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများတွင် ပျူစောထီးများက စစ်ကောင်စီ အတွက် စစ်သားစုဆောင်းပေးနေကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ ပထမ ပတ်မှစပြီး ယနေ့ (ဇွန်လ ၁၉ ရက်)အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရွာငံမြို့နယ် ကျေးရွာတစ်ချို့တွင် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) အတွက် စစ်သားစုဆောင်းပေးနေပြီး ၎င်းပျူစောထီးများအတွက် ကျေးရွာများမှ လစဉ်ကြေးများ ထည့်ပေးနေရကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲကို ပျူစောထီးတွေက စစ်သားတွေ ခေါ်လာတယ်။ အခုလည်း ရွာထဲမှာ စစ်မှုထမ်းဖို့အတွက် လူ စာရင်းတွေ ကောက်နေတယ်၊ ဘယ်သူတွေ ပါလဲတော့မပြောဘူး။ ကြိုပြောလိုက်ရင် ထွက်ပြေးမှာစိုးလို့ စစ်သားတွေ လာတဲ့အချိန်မှ သွားဖမ်းခေါ်ပြီး ထည့်ပေးဖို့ စီစဉ်ထားတယ်လို့ ပြောတယ်” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ပျူစောထီးများသည် ၄င်းတို့အတွက် အဖွဲ့ရန်ပုံငွေဟုဆိုကာ ကျေးရွာတစ်ရွာလျှင် ကျပ် (၇) သိန်း လစဉ်ကောက်ခံနေခြင်းကြောင့် တစ်အိမ်ထောင် ကျပ် (၂၀၀၀) နှုန်း အနည်းဆုံး ပေးဆောင်နေရပြီး အဆင်မပြေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင်လည်း စစ်မှုထမ်းအပတ်စဉ်သစ်အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာရောက်ရှိလာပြီး စစ်မှုထမ်းမထမ်းလိုသည့် လူငယ်များ တိမ်းရှောင်ရန် ပြင်ဆင်နေကြသော်လည်း မိသားစုအတွက် ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း ပင်လုံမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“စစ်မှုထမ်းဖို့ မဲနှိုက်သွားရမယ်ဆိုပြီး ဒီနေ့ပဲ စာရောက်လာတာ။ ခြိမ်းခြောက်တာမျိုးတော့ မရှိပေမဲ့ လာကိုလာရမယ်၊ မလာရင် အစားထိုးမဲပြန်နှိုက်ရမှာပဲ။ အဲ့လိုဆိုတော့ ရှောင်ပြေးလို့လည်း ရမှာမဟုတ်ဘူး။ မဲပေါက်လို့ မသွားရင်လည်း မိသားစုကို တစ်ခုခုလုပ်မှာ စိုးရိမ်ရတယ်”ဟု ပင်လုံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဆင့်ခေါ်စာထဲတွင် လာမည့် ဇွန်လ (၂၂) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အသက်(၁၈) မှ (၃၅) နှစ် ကြားရှိ လူငယ်များအားလုံး ပင်လုံမြို့ ရပ်ကွက် (၃)ရှိ ဝမ်စံခမ်းခန်းမသို့ သွားရောက်မဲနှိုက်ရမည်ဟု ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် လွိုင်လင်မြို့တွင်လည်း စစ်မှုထမ်းရန်အတွက် ယမန်နေ့ (ဇွန်လ ၁၈ ရက်)မှစ၍ စစ်မှုထမ်းစာရင်း အမည်ပေါက်သည့် ဒေသခံလူငယ်များ မဲနှိုက်နေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

အလားတူ ဇွန်လ (၁၆) ရက်တွင်လည်း မိုင်းတုံမြို့ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ် ယူကာ အသက် (၁၈) နှစ်မှ (၃၅ )ကြား အမျိုးသားများကို အလှည့်ကျ စစ်မှုထမ်းခိုင်းမည်ဖြစ်ပြီး ထွက်ပြေးလျှင်အရေးယူမည်ဟုလည်း စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...