Tuesday, February 3, 2026

မူဆယ်မြို့အတွင်း အသက်(၉ )နှစ် အရွယ်ပါ စစ်သားစုဆောင်းနေဟု သတင်းထွက်ပေါ်

သျှမ်းပြည်မြောက်ပိုင်း ထုန့်မောဝ်း(ရွှေလီမြစ်ဝှမ်း) ဒေသအတွင်း အသက် (၉) နှစ်အရွယ်ပါမကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေသည်။

ဇွန် (၂၈) ရက်နေ့သည် နမ့်ခမ်းမြို့ရှိ လူထုများ SSPP ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်အပြီး၊ အသက် (၉) နှစ်အရွယ်ကလေးပါ မကျန် စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း၊ အမျိုးသမီးများပါမကျန် ခေါ်ဆောင်နေကြောင်း သျှမ်းလူထု ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရေးသားမှုတွင် မည်သည့် တပ်ဖွဲ့က လာရောက်ခေါ်ဆောင်နေသည်ကို တိတိကျကျရေးသားခြင်းမရှိသလို၊ ဒေသခံပြည်သူများ စိုးရိမ်မှုရှိအောင် တမြင် ဖန်တီးရေးသားထားသည့် ပုံစံဖြစ်ကြောင်းလည်း ထုန့်မောဝ်း (ရွှေလီမြစ်ဝှမ်း) ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ အမှန်တော့ (၉) နှစ်အရွယ်ကလေးပါသွားတယ်ဆိုတာ အဲ့ဒါက ဆိုက်ဝါးသတင်းပဲ။ ဘယ်အဖွဲ့မှ လာကောက်တာမရှိဘူး။ အချင်းချင်း အထင်မှားအောင် လုပ်နေတဲ့သူတွေလည်းရှိတယ်။ဒီချိန်မှာ သတိထားဖို့လိုတာပေါ့” ဟု မူဆယ်မြို့နေ အမျိုးသား တစ်ဦး က ပြောသည်။

လူမှုကွန်ယက်ပေါ်တွင် ပျံနှံ့လာသည့် သတင်းမှာ မူဆယ်၊ နမ့်ခမ်း ပေါ်တာဆွဲနေပြီ၊ (၉) နှစ်အရွယ် ကလေးကစ ခေါ်ဆောင်ကာ ကျေးရွာ တရွာလျှင် (၁၅) ယောက် လက်နက်ကိုင်ကို ပေးရမည်ဖြစ်ကာမလိုက်ရင် (၅) သိန်းပေးရမည် ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ အခုကြားနေရတာက မူဆယ် စွမ်းစော်မှာလည်း ဖမ်းနေတယ်။ ရွှေနန်းတော်ရှေ့မှာလည်း အမျိုးသမီးတွေကို ဆွဲနေတယ်။ ဖမ်းနေတယ်ဆိုပြီး ရပ်ကွက်တွေမှာ သတင်းပျံ့န့ှံနေတယ်။ ဘယ်က ဖမ်းလည်းမေးတော့ သေချာမသိ။ ဘယ်အိမ်ကလည်း ဆိုတော့လည်း သေချာမပြောနိုင်ကြဘူး” ဟု မူဆယ်မြို့ စွမ်းစော်ရပ်ကွက်နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာ မူဆယ်မြို့ ဒေသခံပြည်သူများသည် အဆိုပါ သတင်းကြေင့် ကြောက်လန့်နေကြပြီး၊ အပြင်မထွက်ရဲကြောင်း၊ ဖမ်းဆီးခံရသည့်

မူဆယ်မြို့ မှ ဒေသခံများကို SSPP/SSA က စစ်သားသစ် တောင်းခဲ့ကြောင်း၊ တမြို့လျှင် (၅)ဦး (သို့မဟုတ်) ၂ဦး ပေးပို့ရန် ပြောဆိုခဲ့ကြောင်း၊ SSPP အနေဖြင့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ဆွဲခေါ်ခြင်းပြုလုပ်မည် မဟုတ်ကြောင်း မူဆယ်မြို့ရပ်မိရပ်ဖ များ နှင့် SSPP/SSAတွေ့ဆုံစဉ်တွင် SSPP မှ ပြောဆိုခဲ့သည်။

“ သူတို့စစ်သားကောက်မယ်။ ဖမ်းဆီးမယ်။ အတင်းအဓမ္မခေါ်မယ်ဆိုတာ မဟုတ်ဘူး။ မြို့ပေါ်မှာ (၅)ယောက်မရရင် အနည်းဆုံး (၂)ယောက် ၊(၃)ယောက်ဆိုရင်ရတယ်။ ဒါပေမယ့် သွားနားထောင်တဲ့သူက တမျိုးလွှင့်တယ်။ အဓမ္မ ဖမ်းဆီးတာ သူတို့မလုပ်ချင်ဘူး။ ဒါကြောင့် ရပ်မိရပ်ဖနဲ့ လာပြီး ပြောရတာ” ဟု SSPP/SSA အစည်းအဝေးတွင် သွားရောက်နားထောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုရေးသားမှုသည် သျှမ်းတပ်(၂)တပ်အချင်းချင်းကြား သွေးထိုးလှုံ့ဆော်သည့် စာသားများ သာဖြစ်ကြောင်း၊ ထိုတပ်(၂)တပ်ကြားအမြတ်ထုတ်နေသည့် အဖွဲ့ ရှိနိုင်ကြောင်း၊ ထုန့်မောဝ်းလူထုအနေဖြင့် သတင်းများကို စိစစ်ကာ ယုံကြည့်သင့်ကြောင်း လည်း မူဆယ်မြို့ဒေသခံတစ်ဦး က ဆိုသည်။

“ဒီလိုချိန်မှာ သူများတွေက ကျနော်တို့အချင်းချင်းကို အမြတ်ထုတ်လုပ်သွားတဲ့သဘောပါပဲ။ ဒီလိုမျိုး မဖြစ်သင့်ဘူး။ ပြည်သူတွေက အယုံလွယ်တယ်။ သတင်းစိစစ်မှု အားနည်းတယ်တာပေါ့နော်။ အယုံလွယ်တာပေါေ့နာ်။ ပေါ်တာ ဆွဲတာလည်း မရှိပါဘူး”ဟု မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှSSPP/SSA ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။

စစ်အာဏာသိမ်းပြီးနောက် ထုန့်မောဝ်ဒေသသည် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား ထင်ယောင်ထင်မှားဖြစ်မယ့် သွေးထိုးစကားများမပြုလုပ်ရန်၊ ထိုဒေသတွင် သျှမ်း လက်နက်ကိုင် (၂)ဖွဲ့သာမက ကချင်တပ်မတော် (KIA)၊ တအာင်း (ပလောင်) တပ်မတော် (TNLA) အပြင် ပြည်သူ့စစ်များ ကြီးစိုးနေသည့် နေရာဒေသဖြစ်ကာ စီးပွားရေး အချက်အချာကြပြီး ဆက်ကြေးကောက်ရန်အတွက် ကောင်းသည့်ဒေသတခုလည်းဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဒေသခံ တထောင်ကျော်သည် ဇွန် (၂၈) ရက်နေ့တွင် (SSPP/SSA) ကို အလိုမရှိကြော်ငး ဆန္ဒပြနေစဉ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသား (၂) ဦး သေဆုံးပြီး၊ ဒဏ်ရာ ပြင်းထန်ရသူများလည်း ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။