စစ်ရေးတင်းမာနေသည့် မိုင်းရှူးဘက်သို့ စစ်ကောင်စီ တိုက်လေယာဥ် နှစ်စီးပျံသန်း

စစ်ရေးတင်းမာနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ၏ တိုက်လေယာဥ် နှစ်စီး ပျံသန်းခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ ဇူလိုင် ၂၇ ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် အချိန်တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ စစ်တိုင်းရုံးမှ တိုက်လေယာဥ်နှစ်စီးသည် မိုင်းရှူးဘက်သို့ ဦးတည် ပျံသန်းသွားခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတိုက်လေယာဥ်

“ခါတိုင်းမြင်နေကျ ပုစဥ်းကောင် (ဟယ်ရီကော်ပတာ) မဟုတ်ဘဲနဲ့ ဒီနေ့က တိုက်လေယာဥ်နှစ်စီး တပ်တွင်းကနေ ထွက်လာတာတွေ့ရတယ်၊ တပ်ထဲက အရာရှိတစ်ဦးကို မေးကြည့်တော့ မိုင်းရှူးဘက် စစ်အင်အားဖြည့်တင်းဖို့ သွားရတာတဲ့” ဟု လားရှိုးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ လှုပ်ရှားရာ မိုင်းရှူးမြို့နယ်အတွင်းတွင် စစ်ကောင်စီလေယာဥ်များသည် နေ့စဥ် ပျံသန်းလျက်ရှိပြီး ယနေ့တွင် တိုက်လေယာဥ်ပါ မြင်တွေ့ရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ အပတ်ကတည်းက စစ်ကောင်စီလေယာဥ်တွေ မိုင်းရှူးမြို့ထဲ ဝဲနေတာတွေ့ရပါတယ်၊ အစက ညသန်းခေါင်ချိန်မှာမှ SSPP/SSA တပ်ဘက်ကို ကင်းလှည့်သလိုပတ်တာ၊ ဒီရက်ပိုင်းတော့ နေ့ခင်းပိုင်းလည်း လေယာဥ်နဲ့ လှည့်တာတွေ့ရတယ်၊ ဒီနေ့တော့ တိုက်လေယာဥ်နှစ်စီး မိုင်းရှူးမြို့ထဲ ဝဲလာတာတွေ့ရတယ်၊ ကျန်တဲ့နေရာတော့ မတွေ့ရဘူး” ဟု မိုင်းရှူးမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီဘက်မှ စစ်အင်အားပြ လေယာဥ်ပျံဝဲမှုများ နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ အနေဖြင့် အပြင်ထွက်သွားလာရန် စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတိုက်လေယာဥ်

“ကျမတို့က ဟင်းစားထွက်ဝယ်ဖို့တောင် မဝံ့မရဲဖြစ်နေပြီ၊ အပြင်ထွက်လိုက်လို့ လေယာဥ်သံကြားတာနဲ့ ပြေးပုန်း ရမဲ့နေရာရှာရမလို ဖြစ်နေတာ စိတ်က ကြောက်တယ်လေ၊ ပြီးတော့ စစ်ရေးတင်းမာနေတာလည်း ကြာနေတော့ တိုက်ပွဲဖြစ်ဖို့ရာနှုန်းက များတယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

မိုင်းရှူးဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် လက်ရှိမှာ ရှောင်တိမ်းရန် အတွက် ကြိုတင်ပြင်ဆင် နေကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်တွင်လည်း မိုင်းရှူးမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တိုင်းမှူး ကိုယ်တိုင် စစ်ကြောင်းများကို ဦးစီးနေကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် မိုင်းရှူးမြို့နယ်အတွင်းတွင် စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှု အဆက်မပြတ် ပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်မှာလည်း စစ်ကောင်စီတပ်မှ မိုင်းရှူးဒေသခံ သျှမ်းအမျိုးသား လူငယ်တစ်ဦးကို ကားဖြင့် တိုက်ကာ သေဆုံးသွားခဲ့ရပြီး လက်ရှိ အချိန်ထိ မည်သည့် တာဝန်ယူမှု တာဝန်ခံမှုမှ မရှိသေးပါ။

အာဏာသိမ်း စစ်ကောင်စီတို့သည် မိုင်းရှူးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့၏ တပ်စခန်းနေရာ ၃ ခုကို ဆုတ်ခွာခိုင်းရာမှ ယနေ့အထိ စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...