Wednesday, January 28, 2026

ပင်လုံမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ စန့်ကျန်းကျေးရွာတွင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ပင်လုံမြို့

ယမန်နေ့( သြဂုတ်လ ၁ )ရက်တွင် ပင်လုံမြို့ နှင့် လေးမိုင်ခန့်ကွာဝေးသည့် စန့်ကျန်းရွာ တွင် နယ်မြေလှည့်လာသည့် စစ်ကောင်စီနှင့် ပအိုဝ့်ပြည်သူ့စစ် PNA တို့နှင့် ဒေသအတွင်းရှိနေသည့် သျှမ်းပြည် တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စန့်ကျန်းရွာက တောင်ပေါ်ရွာဖြစ်ပါတယ်၊ အဲ့ဖက်မှာ SSPP/SSA ပူးပေါင်းတပ်ဖွဲ့တို့က စခန်းချလှုပ်ရှားနေတာပါ။ နယ်ကျွံပြီးရောက်လာတဲ့ ပအိုဝ့်ပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က SSPP/SSA နဲ့တွေ့ပြီး တိုက်ပွဲ ဖြစ်ပြီး ပအိုဝ့်ပြည်သူ့စစ်ဘက် ၂ ဦးကျတယ်လို့သိရတယ်” ဟု အသက် ၄၀ ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းတွင် စစ်ကောင်စီနှင့် ပအိုဝ့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့သည် ဟိုပုံးမြို့နယ် ပန်မုန့် နှင့် ကျောက်တန်းဘက် လှုပ်ရှားရာမှတစ်ဆင့် လက်ရှိတွင် ပင်လုံမြို့အတွင်း နယ်ကျွံရောက်လာကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တမင်ရည်ရွယ်ပြီး လာတာလား နယ်ကျွံပြီးဝင်လာသလားတော့ မပြောတတ်ဘူး၊ စစ်ကောင်စီတွေနဲ့ SSPP/SSA က အစကတည်းက စစ်ရေးတင်းမာမှုရှိနေတာ့ ထိတွေ့မှုရှိတာနဲ့ တိုက်ပွဲဖြစ်တာထင်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း နေရာ သုံးခုကို ဆုတ်ခွာရန် စစ်ကောင်စီတပ်ဖွဲ့၏ ညွှန်ကြားမှုကို ငြင်းပယ်သည့်အတွက် သျှမ်းပြည်တောင်ပိုင်းအတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့က စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

လက်ရှိတွင် လွိုင်လင်ခရိုင်အတွင်း နှင့် ရပ်စောက်မြို့နယ်တို့ဘက်၌ နှစ်ဖက်စစ်အင်အားဖြည့်တင်းမှုနှင့် စစ်ရေးတင်းမာမှုရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...