Wednesday, January 28, 2026

မူဆယ်မြို့ အခွန်မဆောင်သည့် လောင်းကစားရုံ ကို ကိုးကန့်အဖွဲ့ လာရောက်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန့်နေ့ ဇူလိုင် ၂၄ ရက် နံနက် ၃ နာရီအချိန်တွင် ကိုးကန့်တပ်ဖွဲ့မှ အခွန်မဆောင်သည့် ဆင်းဟော့ဟိုတယ် လောင်းကစားရုံကို လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ပစ်လိုက်သည့် လက်နက်

မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော် (၇) လမ်းရှိ ဆင်းဟော့ဟိုတယ် လောင်းကစားရုံတွင် ပြည်သူ့စစ်မှ တာဝန်ယူထားပြီး အခွန်မဆောင်သည့် လောင်းကစားရုံဖြစ်သောကြောင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့မှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ပြီး ပြည်သူ့စစ် နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

“ အခွန်မဆောင်ထားတဲ့ လောင်းကစားရုံကို လာပစ်တာ။ အရင်နှစ် ဆောင်းတွင်းတုန်းကလည်း တစ်ကြိမ်လာပစ်သေးတယ်။ ကိုးကန့်က အခွန်လာကောက်တာ မပေးရင် သူတို့က လက်နက်ကြီးနဲ့ လာပစ်တယ်၊ အာပီဂျီ နဲ့ လာပစ်တယ်။ ပြည်သူ့စစ်တွေလည်း ပြန်ပြီးပစ်ကြတယ်“ ဟု မူဆယ်မြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် က ပြောသည်။

ထိုသို့ ပြည်သူ့စစ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုကြောင့် ကားပေါ်သို့ လက်နက်ကျည်ကျပြီး ထိုကားထဲမှ ဟိုတယ် ဝန်ထမ်းယာဉ်မောင်းသူ အမျိုးသားတစ်ဦး လက်နက်ကြီး စထိပြီး ဒဏ်ရာရရှိကြောင်း မူဆယ်ကူညီရေးအဖွဲ့တစ်ဖွဲ့မှ သိရသည်။

“ဒဏ်ရာရတဲ့သူလည်းရှိတယ်။ ကျည်ကျလို့ ဒဏ်ရာရပြီး ဆေးရုံပို့ရတာလည်း ရှိတယ်။ ဒဏ်ရာရ အမျိုးသမီးတွေတော့ မသိရဘူးဗျ။ ကားပေါ်ကျည်ကျလို့ ဒဏ်ရာရတဲ့ အမျိုးသားတော့သိတယ်။ အသက်တွေ နာမည်တွေတော့ မသိရဘူး။ ကျနော်တို့တော့ ဆေးရုံကိုပို့လိုက်ပြီ။ အသက်တော့ မစိုးရိမ်ရဘူးဗျ။ အဲ့အမျိုးသား နက်လက်ကြီး ကျည်စကြောင့် ကျောကုန်းတွေ ခြေထောက်တွေ ဒဏ်ရာအများကြီး ရထားတယ် “ ဟု သိရသည်။

အဆိုပါ မူဆယ်မြို့တွင် လက်နက်ကိုင်တပ်ဖွဲ့များ အင်အားများလာပြီး မကြာခဏ ပစ်ခတ်မှုများ ၊ လုယက်မှုများ ဖြစ်လာသောကြောင့် မူဆယ်မြို့တွင် ရှိသောပြည်သူများလည်း ညဘက်တွင် အရေးမကြီးပါက အပြင်မထွက်ကြရန် နှင့် သတိထားပြီး နေထိုင်ကြရန် မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက တိုက်တွန်းပြောဆိုလိုက်သည်။

“မူဆယ်မြို့က ပြည်သူတွေ လာပြီး အလုပ်လုပ်တဲ့သူ ဆွေမျိုး၊ မိတ်ဆွေတွေ ၊ စီးပွားရေး လုပ်တဲ့သူတွေ လုံခြုံမှုမရှိတော့ဘူး၊ လက်နက်ကိုင်တဲ့သူတွေလည်း များလာတယ်။ သတိထားပြီး နေဖို့တော့လိုတယ်။ အရေးမကြီးပဲ အပြင်မထွက်နဲ့ပေါ့နော်။ လုယက်မှုတွေ လူသတ်မှုတွေလည်း များလာတော့ မိတ်ဆွေတို့လည်း အထူးဂရုစိုက်ပြီး သတိထားကြပါ “ ဟု ၎င်းအမျိုးသားတစ်ဦးက တိုက်တွန်းထားသည်။

မူဆယ်မြို့နယ်သည် တရုတ် – မြန်မာ နယ်စပ် မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီ တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ ပြည်သူ့စစ်များစွာ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။