Wednesday, January 28, 2026

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးမှုများပြားရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး အထက် သေဆုံးမှုရှိကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် မိုးဗြဲမြို့ထဲ စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်လာကြောင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာထဲတွင် PDF တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး ထက် မနည်း သေဆုံးမှုရှိပြီး PDF ဘက်မှ (၁) ဦး ဒဏ်ရာရရှိကာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ မှ ဆောင်နန်းခဲကျေးရွာကို မီးရှိူ့စဥ် (ပုံဟောင်း)

“တိုက်ပွဲသတင်းတော့ ကျနော်တို့ အသေးစိတ်မသိရဘူး။ ဒါပေမဲ့ မနေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လို့ ပြည်သူ ၂ ဦး ကိုရှပ်ထိသွားတယ်။ အဖွားတစ်ယောက်တော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒီနေ့တော့ တိုက်ပွဲက ငြိမ်သွားပြီ။ စစ်ကောင်စီဘက်က ဘယ်ဘက်ကို တပ်ဆုတ်သွားလဲမသိရဘူး” ဟု Mobye Rescue Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ မိုးဗြဲမြို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံးမှုရှိကြောင်း နှင့် PDF ဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“သူတို့ဘက်က စစ်ကြောင်းအရင်ထိုးလာတာ။ မနေ့ မနက်ကတည်းက စစ်အင်အားတွေဖြည့်လာနေတယ်လေ။ ၅ နာရီလောက်မှ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးမှုရှိမယ်ထင်တယ်။ ကျနော်တို့ဘက်တော့ ၁ ယောက်တော့ ထိခိုက် ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုအပြင် ဖယ်ခုံမြို့ ဆောင်နန်းခဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီကို ဖယ်ခုံမြို့ PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ နှင့် ဒဏ်ရာရရှိသူ ၈ ဦး ခန့် ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာတွင်လည်း ယမန်နေ့ ၌ တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ယခုနောက်ပိုင်း ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့တို့တွင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒေသခံ PDF ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...