ကွတ်ခိုင်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိသည့် ကလေးငယ် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှ ဦးခေါင်းပိုင်း လက်နက်ကြီး ကျည်ထိသည့် ကလေးငယ်သည် ယနေ့ ညနေပိုင်းအချိန်တွင် သေဆုံးသွားကြောင်း သတင်းသိရသည်။

ကွတ်ခိုင်တိုက်ပွဲ ကျည်ထိမှန်သည့်ကလေးငယ်

ယနေ့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၇ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ် တောင်ခြေရှိ မန်နောင် နှင့် နမ့်ပါခီးကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်ကို လက်နက်ကြီး ကျည်ထိမှန်ကာ ဆေးကုသမှုခံယူနေစဥ် တွင် သေဆုံးသွားခဲ့ကြောင်း အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးငယ်က ညနေ ၃ နာရီကျော်မှာဆုံးသွားတာပါ၊ ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ပြောင်းပေးခဲ့သေးတယ်၊ လားရှိုးဆေးရုံမှာဆုံးသွားတာ၊ ယူကြုံးမရတဲ့ ဖြစ်စဥ်ပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ တိုက်ပွဲကြား လက်နက်ကြီးကျည်ထိမှန်သည့် ကလေးငယ်သည် အသက် ၃ နှစ်အရွယ်ရှိ မိုင်းအငြိမ်း ဖြစ်ပြီး ဖခင် ဦးနမ်တီ နှင့် မိခင် ဒေါ်အေးဒွန်တို့၏ သား ဖြစ်ကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့တွင် မန်နောင်ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တို့ လာရောက်စခန်းချရာမှ ယနေ့ မနက်ပိုင်းအချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ လာရောက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတွေသာ ရွာထဲ စခန်းလာမချရင် ဘုန်းကြီးကျောင်းထဲ လာမအိပ်ရင် အခုလို တိုက်ပွဲဖြစ်လာစရာ အကြောင်းမရှိဘူးလို့ မြင်သာပဲ၊ အခုချိန်ထိလည်း စစ်ကောင်စီတွေက ရွာထဲမှာ ရှိနေတုန်းပဲ၊ ပြည်သူတွေနေတဲ့ ရပ်ရွာနဲ့ ဝေးတဲ့နေရာမှာပဲ တိုက်ပွဲ ဖြစ်ကြပါ၊ ရွာနားမကပ်ကြပါနဲ့” ဟု မန်နောင်ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲကြား လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် ကလေးငယ်ရုပ်အလောင်းကို မှုခင်းဆရာဝန်မှ ခွဲစိတ်စစ်ဆေးမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ရပါက လားရှိုးမှာပင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သတင်းသိရသည်။

ကွတ်ခိုင်မြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံလှုပ်ရှားနေထိုင်လျက်ရှိသည့် အပြင်တိုက်ပွဲလည်း မကြာခနဖြစ်ပွားလေ့ရှိသည့်အတွက် ဒေသခံများက ပြည်သူနေ ရပ်ရွာများနှင့် နီးသည့်နေရာတွင် တိုက်ပွဲ မဖြစ်ကြရန် တောင်းဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...