မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီး တစ်ဖက်သတ်ပစ်ခတ် အမျိုးသမီးတစ်ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (ဇူလိုင် ၂၅) ရက် နေ့လည် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးသည့် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသမီးသည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စက်တော်ရာဘုန်းကြီးကျောင်းသို့ စစ်ဘေးခိုလှုံရန်သွားချိန်တွင် ကျောင်းဝန်းထဲ လက်နက်ကြီးကျပြီး ၎င်းအမျိုးသမီးကို ထိမှန်ခဲ့ကာ သေဆုံးသွား ကြောင်းသိရသည်။

“၃ နာရီဝန်းကျင်လောက်ကဖြစ်သွားတာ။ အဖွားက စစ်ဘေးကို ခိုလှုံဖို့သွားနေတဲ့ ချိန်မှာ လက်နက်ကြီး ထိပြီးတော့ သေသွားတာပါ။ လက်နက်ကြီး က ကျောင်းဝန်းထဲကျတာ။ ဒဏ်ရာက များတယ်။ တစ်နေရာ ထဲထိတာ မဟုတ်ဘူး။ ပြီးတော့ အဖွားက အသက်ကြီးပြီလေ” ဟု Mobye Rescue Team တာဝန်ရှိသူက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်နက်ကြီး ထိမှန်သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၇၀ အရွယ်ရှိကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်သေဆုံးသူ

ထိုအပြင် လက်ရှိအချိန်ထိ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ထိခိုက်ဒဏ်ရာ ရသူများလည်း ထပ်ရှိနိုင်သေးကြောင်း သိရသည်။

“ အခုချိန်ထိတော့ နှစ်ဦးနှစ်ဖက် ပစ်ခတ်တဲ့ တိုက်ပွဲတော့ မဖြစ်သေးဘူး။ စစ်ကောင်စီဘက်ကပဲ ပစ်နေတာ။ PDF တွေနဲ့တော့ တိုက်ပွဲမဖြစ်သေးဘူး။ အခြေနေက ထပ်ဆိုးလာနိုင်တယ်။ ထိခိုက်တဲ့သူတွေလည်း ဒီတစ်ယောက်ထဲ မက ရှိနိုင်ပါတယ်။ ကျနော်တို့ သွားမကူညီနိုင်သေးတဲ့ဒေသတွေဖြစ်နေပါတယ်” ဟု Mobye Rescue Team က ထပ်လောင်းပြောသည်။

ထို့အပြင် ယနေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ထဲ စစ်အင်အား ဖြည့်တင်းနေလျက်ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီနေ့ ထူးခြားမယ်လို့တော့ သိထားနေတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက မိုးဗြဲမြို့ထဲကို စစ်အင်အားဖြည့် လာနေတာကိုတွေ့ရတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင် ယနေ့ည အခြေအနေဆိုးလာနိုင်သည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် အပြင်မထွက်ရန် Mobye Rescue Team က တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...