တပ်မဆုတ်နိုင်ဟု SSPP မှ စစ်ကောင်စီထံ အကြောင်းပြန်

အာဏာသိမ်း စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် သျှမ်းပြည်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်း နေရာ ၃ ခုကို မဆုတ်နိုင်ဟု SSPP က အကြောင်းပြန်လိုက် ကြောင်းသတင်းသိရသည်။

SSPP

ဇူလိုင်လ ၂၁ ရက်တွင် SSPP မှ စစ်ကောင်စီကို အကြောင်းပြန်လိုက်ခြင်းဖြစ်ကြောင်း သိရပြီး စစ်ကောင်စီဘက်မှ နောက်တစ်ကြိမ် ဆွေးနွေးရန် ပြန်လည်ကမ်းလှမ်းလာခဲ့ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က ဇူလိုင် ၂၀ ရက်နေ့မှာ ဒု ဗိုလ်ချုပ်ရာပြည့်ဆီကို လိပ်မူပြီး တပ်စခန်းနေရာတွေ မဆုတ်နိုင်ဘူးလို့ အကြောင်းပြန်လိုက်တယ်၊ တိုင်းမှူးဆီကိုလည်း မိတ္တူပို့လိုက်တယ်၊ လူထုကာကွယ်ရေးနဲ့ မွေးရပ်မြေကာကွယ် ရေးဆိုတဲ့ ကျနော်တို့ ရပ်တည်ချက်အတိုင်း လုပ်ဆောင်သွားမှာ” ဟု ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

SSPP/SSA မှ တပ်မဆုတ်နိုင်ကြောင်း အကြောင်းကြားစာပို့ပြီးနောက် ယနေ့ (ဇူလိုင်လ ၂၂ )ရက်တွင် စစ်ကောင်စီ တိုင်းမှူးမှ တစ်ဆင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန် ပြန်လည်ကမ်းလှမ်းလာခဲ့ကြောင်း သတင်းသိရသည်။

“စာကိုလက်ခံရရှိတဲ့အကြောင်း စကစဘက်က ကျနော်တို့ကို အကြောင်းပြန်လာတယ်၊ ပြီးတော့ နောက်ထပ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ပြန်လည်ကမ်းလှမ်းလာတယ်၊ ဒါကတော့ ကျနော်တို့ကော်မတီနဲ့ ပြန်လည်ဆွေးနွေး ရမယ့် အပိုင်းပေါ့” ဟု ဗိုလ်မှူးဖုန်းဟန်က ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ လဲချားမြို့နယ် နှင့် ပင်လုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် SSPP တို့က စစ်ရေးတင်းမာမှုများရှိနေပြီး ပြည်သူများက စစ်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်းသိရသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများ ရှိနေသည့်အပေါ် ပြည်သူများစိုးရိမ်ထိတ်လန့်နေခြင်းနှင့် ပတ်သက်ပြီး တပ်ဆုတ် ခိုင်းသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ သဘောထားပေါ်တွင်သာ မူတည်ကြောင်း SSPP/SSA က ပြောသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ စစ်ရေးစတင်ပါက တိုက်ပွဲသည် တစ်နေရာတည်း ဖြစ်ပေါ်မည် မဟုတ်ကြောင်း SSPP ပြောဆိုထား သည့်အတွက် လက်ရှိတွင် သျှမ်း တောင်ပိုင်း ရပ်စောက်မြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းမှ မိုးမိတ်မြို့နယ် တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...