CATEGORY

စစ်ရေး

ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီဉတုအပြောင်းအလဲကြောင့် စစ်ရှောင်များချောင်းဆိုးခြင်း၊ ဖျားနာခြင်း ကြုံတွေ့ရကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ ရွာနှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ (၅၀၀၀) ကျော်ထဲမှ စစ်ရှောင်စခန်းများသည် (၁၄) နေရာရှိကြောင်း သိရသည်။ ထို စစ်ရှောင်စခန်း (၁၄)...

ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲခဲ့ကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၂၈ ရက်) နေ့လည်ပိုင်း ၁ နာရီအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲကာ ဗုံးကြဲချသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK)...

မိုင်းစစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စု အကြောက်ဆုံးအရာ

နိဒါန်း ၂၀၁၃ ခုနှစ်မှသည် ယနေ့အချိန် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်ဖြစ်ရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့အပြောင်းများအား အစဉ်တစိုက်လေ့လာစောင့်ကြည့်လာခဲ့သည့် BNI-Myanmar Peace Monitor အနေ ဖြင့် စစ်အာဏာသိမ်းကာလအတွင်း ခုခံတော်လှန်စစ်အခြေအနေနှင့် အလားအလာဦးတည်ရာများ၊ စစ်ကောင် စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အပေါ် သက်ရောက်မှုများ၊ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲခုခံတော်လှန်စစ်ကြောင့်...

ဟိုပုံးမြို့နယ် စစ်ရှောင်ကလေးများ စာသင်ကြားရန် စာရေးကိရိယာများ လိုအပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ပန်လုံရွာသစ်စစ်ရှောင်စခန်းအတွင်းနေထိုင်သည့် ကလေးများ စာသင်ရန်အတွက် စာရေးကိရိယာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ဟိုပုံးမြို့နယ် ပန်လုံရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ရှောင်များသည် လက်ရှိမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း ကလေးငယ်များ စာသင်ကြားဖို့ရန်အတွက် စာအုပ်၊ ခဲတံနှင့် ဘောပင် များလိုအပ်နေကြောင်း...

လားရှိုးမြို့နယ် အတွင်း လက်နက်ကြီး ပေါက်ကွဲ ရွာသား ၂ ဦး ပွဲချင်းသေ၊ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် နားစောက်ကျေးရွာအုပ်စု ခုမ်စုံရွာ (ကုန်းဆုံရွာ) တွင် လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေ ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၃ ) ရက် နံနက် ၉ နာရီ...

ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းမှ စစ်ရှောင် ၃၀၀ ကျော် အလှူရှင်မရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ရှောင်ဦးရေ ၃၀၀ ကျော်အတွက် အလှူရှင် ပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်း - ကယား (ကရင်နီ) နယ်စပ် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၃၂၀ ကျော်အတွက် လက်ရှိမှာ စားနပ်ရိက္ခာထောက်ပံ့ပေးမည့်သူ...

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ နှင့် ကောင်းယုတောင်ပေါ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက် နေကြောင်း...

နေရပ်ပြန် စစ်ရှောင်များ မိုင်းအန္တရာယ်ကို စိုးရိမ်နေရ

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေး သွားရသည့် စစ်ရှောင်များသည် နေအိမ်ပြန်ရောက်သော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၇ ရက်မှ စတင်ကာ စစ်ရှောင်များသည် နမ့်ပေါင်ကျေးရွာရှိ ဝေဠုဝန်ကျောင်းတိုက်မှ နေရပ်အသီးသီး သို့ ပြန်ရောက်ကြခြင်း...

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ (ဝၢၼ်ႈၼမ့်ၼဵၼ်ႈ) အတွင်း ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဒေသခံ ၁၁ ဦးသည် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီသည် နမ့်နိန်းကျေးရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီး ၃ပါး နှင့်...

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်း ၇ နာရီအချိန်မှစပြီး နမ့်နိန်းကျေးရွာ၏ အနောက်ဘက်ရှိ တောင်းကုန်းဒေသ တစ်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ်မှာ...

Latest news