လဲချားမြို့နယ် နေ့စဥ် သေနတ်သံကြားရ၊ စစ်ရှောင်များ ထပ်မံစစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း ပစ်ခတ်သံများ နေ့စဥ်ကြားနေရသဖြင့် စစ်ရှောင်များလည်း ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

Photo – (Sai Aok Ka) စစ်ရှောင်များ

ပြီးခဲ့သည့် (ဧပြီလ ၁၆ ရက်) မှစပြီး လဲချားမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းသို့ ခိုလှုံနေသည့် စစ်ရှောင်များသည် နေရပ်ရှိ လယ်ယာစပါး နှင့် ခြံကို ပြန်လည်သိမ်းယူရန် ပြန်သွားစဉ် နေ့စဉ်နီးပါး သေနတ်ဖောက်သံများ ကြားနေရသဖြင့် နေရပ်စွန့်ပြီး တစ်ဖန် ပြန်လည်ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လဲချားမြို့နယ်အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ဖြစ်ပွားသည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။

Photo – (Sai Aok Ka) စစ်ရှောင်များ

“ သူတို့က မြို့နဲ့ နီးတော့ သူတို့ ရွာကို ပြန်သွားကြည့်တာ။ ရွာပြန်ပြီး ရွာအနီးအနားမှာက သေနတ်ဖောက်သံတွေ နေ့တိုင်းနီးပါး ကြားနေရတာ။ ဆက်တိုက်ပစ်နေတဲ့ အသံမျိုးတော့ မဟုတ်ဘူး။ တစ်ချက်တစ်ချက် သေနတ်ဖောက်သံတွေ ကြားရတာ “ ဟု ၎င်းက ပြောသည်။

အဆိုပါ သေနတ်ဖောက်သံများကြောင့် လဲချားမြို့နယ်ရှိ ဝါဆိုဘုန်းကြီးကျောင်း နှင့် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်အသစ်များ ထပ်မံ ရောက်ရှိလာနေကြောင်း သိရသည်။

လက်ရှိ ဝါဆိုဘုန်းကြီးကျောင်းတွင် စစ်ရှောင်ဦးရေ ၉၀ ဝန်းကျင်ရှိပြီး ကျောင်းခမ်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်ဦးရေ ၄၁ ဦးရှိကာ စုစုပေါင်း စစ်ရှောင်ဦးရေ ၁၃၁ ဦးရှိပြီး၊ တိုက်ပွဲမှာ နေ့စဥ်ဆက်တိုက် ဖြစ်နေသဖြင့် စစ်ရှောင်ဦးရေ ပိုတိုးလာနိုင်သည်။

“စစ်ရှောင် ဦးရေကတော့ ဒီထက် တိုးလာနိုင်ချေရှိတယ်။ စားဝတ်နေရေး အခက်ခဲလည်း ရှိနေတယ်။ ရေရှည်အတွက်ဆိုရင်တော့ အလှူရှင်ကမရှိရင် တော်တော်ခက်ခဲနိုင်တယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ ကျောင်းခမ်းဘုန်းကြီးကျောင်း အတွင်းသို့ ခိုလှုံနေသည့် စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း လက်ရှိမှာ နေရပ်ပြန်သွားဖို့အတွက် စိုးရိမ်နေရသလို နေရပ်တွင် ကျန်ရှိနေသည့် မိသားစုကိုလည်း စိုးရိမ်နေရကြောင်း ဆိုသည်။

“ အတူထွက်ပြေးလာနိုင်တော့ စိုးရိမ်စရာ မရှိပါဘူး။ အခုက ပြန်သွားဖို့လည်း စိုးရိမ်ရတယ်။ အိမ်မှာစောင့်နေတဲ့ သူကိုလည်း စိုးရိမ်ရတယ်၊ နောင်တရတယ်လေ။ အိမ်မှာက ကျွဲ၊ နွား၊ ဝက်တွေ ရှိတော့ သူတို့ကို အစာကျွေးဖို့ တစ်ယောက်ယောက်စောင့်မှ အဆင်ပြေတာလေ။ ကျမတော့ အခု အိမ်ပြန်ချင်နေပြီ ပြန်တော့ မပြန်ရဲသေးဘူး “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လဲချားမြို့နယ်တွင် ပြီးခဲ့သည့် (ဧပြီလ ၁၁ ရက်) က သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

လက်ရှိ သျှမ်းတပ် (၂) တပ် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် သျှမ်းလူမျိုးများ စစ်ရှောင်နေရသည်မှာ အလွန်ပင် စိတ်မကောင်းဖြစ်ကြောင်း၊ သျှမ်းတပ် (၂) တပ် အချင်းချင်း အာဏာသိမ်း စစ်ကောင်စီ နှင့် စကားပြောဆိုနိုင်သော်လည်း အချင်းချင်းကြား စကားမပြောဆိုနိုင်ခြင်းမှာ အံ့သြဖွယ်ရာ ဖြစ်သည် ဟု လဲချားမြို့ မှ ဒေသခံများက ပြောသည်။

” သျှမ်းတပ် (၂) တပ်က အချင်းချင်း တိုက်နေတာ ကြာပြီ။ သူတို့ အချင်းချင်းတွေ့ဆုံညှိလို့ မရပေမယ့် အာဏာသိမ်းစစ်တပ်နဲ့တော့ ခဏခဏသွားတွေ့ပြီး ငြိမ်းချမ်းရေးလုပ်နေကြတာ။ အချင်းချင်းကြတော့ ငြိမ်းချမ်းရေး မလုပ်နိုင်ကြဘူး။ သျှမ်းလူထုပဲ ဒုက္ခရောက်နေရတာ” ဟု လဲချားမြို့ မှ အမည်မဖော်လိုသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းတပ် (၂) တပ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်ကောင်စီ နှင့် နေပြည်တော်ထိ သွားရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...