စစ်ရှောင်ပြီး နေရပ်ပြန်ရောက်သည့် ကဒူးကြီးဒေသမှ ကလေးငယ်များ နှာစေးချောင်းဆိုးဖြစ်

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ထွက်ပြေးရသည့် ဒေသခံ ကလေးငယ်များ ရွာလုံးကျွတ်နီးပါး နှာစေးချောင်းဆိုးနေကြကြောင်း စုံစမ်းသိရသည်။

ကဒူးကြီးဒေသ စစ်ရှောင်ထွက်ပြေးသည့် ကလေးငယ်များ

ပြီးခဲ့သည့် ဧပြီလ အစပိုင်းကာလ၌ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နားဟီးကျေးရွာအုပ်စုမှ နမ့်ပါတက်ရွာ အနီး RCSS/SSA နှင့် PNLO/PNLA က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် တောထဲသို့ စစ်ရှောင် ထွက်ပြေးရသည့် ဒေသခံ ကလေးငယ်များသည် ရွာလုံးကျွတ် နှာစေးချောင်းဆိုး၊ ဖျားနာမှု ကြုံနေကြောင်း သိရသည်။

“တောထဲကို အမိုးအကာမဲ့ စောင်တွေလည်း မရှိဘဲနဲ့ ၃ / ၄ ရက်လောက် စစ်ရှောင် ထွက်ပြေးရတာကြောင့် ထင်တယ်။ ကလေးငယ်တွေရော၊ ကိုယ်ခံအားနည်းတဲ့ လူကြီးတွေရော ဖျားနာနေကြတာ၊ အခု ရွာထဲကို ပြန်ရောက်ပေမဲ့ ဆေးပေးခန်းက မလုံလောက်ဘူးဖြစ်နေတာ” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကဒူးကြီးဒေသ စစ်ရှောင်ထွက်ပြေးသည့် ကလေးငယ်များ

လက်ရှိတွင် နမ့်ပါတက်ကျေးရွာရှိ ကလေးငယ်များနှင့် ကိုယ်ခံအားနည်းသူများသည် နှာစေးချာင်းဆိုး၊ ဖျားနာကြသည့်အတွက် ရွာထဲရှိ ပအိုဝ်းဒေသ ကျန်းမာရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (PHWC) ဆေးပေးခန်းမှ ဆေးများ နှင့် တိုင်းရင်းဆေးကုသနည်းများဖြင့် ကုသနေကြကြောင်း သိရသည်။

နှာစေး ချောင်းဆိုး ဖျားနှာဖြစ်ကြသည့် နမ့်ပါတက်ကျေးရွာသည် အိမ်ခြေ ၃၀ နီးပါး နှင့် လူဦးရေ ၁၅၀ နီးပါး ရှိနေပြီး ကလေးငယ် ရွာလုံးကျွတ်နီးပါးက ဖြစ်နေကြကြောင်း အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဖြစ်နေတာက ရွာလုံးကျွတ် နီးပါးဖြစ်နေတယ်၊ မြို့တက်ပြီး ကုဖို့လည်း တချို့က ငွေကြေးမတတ်နိုင်ဘူး၊ စစ်ရေး တင်းမာမှုလည်း ရှိနေသေးလို့ ဒေသအတွင်းမှာပဲ လက်လှမ်းမှီသလောက် ကုကြရတယ်” ဟု အထက်ပါ ဒေသခံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်သည် RCSS/SSA နှင့် PNLO/PNLA တို့အကြား မြေပြင် ထိတွေ့တိုက်ပွဲ ငြိမ်သက်သွားသော်လည်း နှစ်ဖက်တပ်ဖွဲ့က စစ်ရေးတင်းမာမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က RCSS/SSA နှင့် PNLO/PNLA တို့ စစ်ရေးတင်းမာမှု ရှိနေသည့် နမ့်ပါတက်ကျေးရွာအနီးတွင် မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့သည်။

ထိတွေ့ပစ်ခတ်မှု၊ စစ်ရေးတင်းမာမှုများရှိနေသည့် RCSS/SSA နှင့် PNLA/PNLO တပ်ဖွဲ့ (၂) ဖွဲ့သည် စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက် ပြုလုပ်နေသေးသည့် အဖွဲ့များဖြစ်ကြသည့် တပ်ဖွဲ့များ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...