နောင်ချိုတိုက်ပွဲအတွင်း ပြည်သူနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (MDY- PDF) တို့ ထိတွေ့တိုက်ပွဲကြား နေအိမ် ၂၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲကြောင့် ပြည်သူနေအိမ်ထိခိုက်ပျက်စီး

ပြီးခဲ့သည့် (ဧပြီလ ၅ ရက်)မှစပြီး ၁၀ ရက်ကျော်ကြာ နောင်ချိုမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် MDY – PDF တို့ ထိတွေ့တိုက်ပွဲအကြား ဒေသခံနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နေရပ်ပြန်သွားသည့် စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လောလောဆယ် ကျနော်တို့ ရွာမှာတော့ နေအိမ် ၂၀ လုံးလောက်က ထိထားတယ်ဗျ။ အိမ်ခေါင်မိုးတွေ၊ ထရံအကာတွေ အကုန် ပျက်စီးသွားတာပေါ့။ ရွာထဲမှာ ၁၀ ရက်ကျော်ကျော်လောက် တိုက်ပွဲဆက်တိုက် ဖြစ်ထားတာ။ ဒီနေ့ အခြေနေလေးငြိမ်တယ်ဆိုလို့ ရွာကိုပြန်ကြည့်တော့ ရွာမှာ ဘယ်သူမှလည်း မရှိတော့ဘူး တစ်ရွာလုံး ထွက်ပြေးခဲ့ရတယ် “ ဟု ၎င်းက ပြောသည်။

တိုက်ပွဲကြောင့် ပြည်သူနေအိမ်ထိခိုက်ပျက်စီး

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းကြီး၊ ဟိုခဲ၊ ကုန်းညောင်၊ ရေဦးကြူကော်၊ နားနွဲ့၊ တော်မွန်း၊ အင်းမဟိုခို၊ ကုလားရွာလွယ်ငင်းမှ ဒေသခံပြည်သူ စုစုပေါင်း (၁,၀၀၀) ကျော်သည် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ စစ်ရှောင်အများစုသည် နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျောင်း၊ လမ်းခွဲကျောင်း နှင့် ဘန့်ဘွေးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်ပြန်ရန် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“ အခုချိန်မှာတော့ ဝမ်းနည်းတဲ့ သူဝမ်းနည်းနဲ့ နေရပ်ပြန်ချင်တဲ့သူကလည်း စိုးရိမ်ရ နဲ့ စိတ်ဒုက္ခအမျိုးမျိုး ကြုံနေရတာပေါ့။ တချို့ စုဆောင်းထားတဲ့ စပါးတွေလည်း မီးလောင်သွားကုန်ပြီ၊ နေအိမ်တွေလည်း နေချင်စရာ မရှိအောင် ပျက်စီးသွားတော့ အကုန်ပြန်ပြင်ရတော့မယ်။ ပြန်ပြင်ဖို့အတွက် ကူညီပေးတဲ့ သူရှိရင်တော့ ကောင်းတာပေါ့ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

တိုက်ပွဲကြောင့် ပြည်သူနေအိမ်ထိခိုက်ပျက်စီး

ထို့အပြင် နောင်ချိုမြို့နယ် နှင့် ပြင်ဦးလွင်မြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးခြင်း၊ အင်အားဖြည့်တင်းခြင်း ရှိနေသဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ MDY-PDF မှ တာဝန်ခံတစ်ဦးက ပြောသည်။

“လက်ရှိ စစ်ရေးက တင်းမာနေဆဲပါဗျ။ အချိန်မရွေး တိုက်ပွဲက ဖြစ်နိုင်တယ်။ သူတို့က လေယာဉ်တွေနဲ့ အဆမတန်၊ ကျနော်တို့ပြည်သူတွေကိုကော၊ တိုက်ပွဲနေရာမဟုတ်တဲ့ နေရာတွေရော လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။ ဒေသခံအတွက် ကာကွယ်ရေး၊ လုံခြုံရေးအရတော့ ကျနော်တို့ ကြိုတင်သတိပေးထားတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဝေးဝေးရှောင်ဖို့အတွက် သတိပေးထားတယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် MDY PDF ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦးထက် မနည်း ထိခိုက် ပျက်စီးရသည့်အပြင် နေအိမ် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...