တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် ကောင်းမဲသင်းကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း နှင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

(ပုံ – SAN AUNG) ပင်လောင်းမြို့နယ် ကောင်းမဲသင်းရွာ ဘုန်းကြီးကျောင်း လက်နက်ကြီး ကျ ပျက်စီး

၂ လနီးပါး ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ နေ့စဉ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း ပင်လောင်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်ဘက်ကနေတော့ လက်နက်ကြီးတွေကို နေ့တိုင်းလိုလိုပစ်နေတာပဲ။ ကောင်းမဲသင်းဘက်မှာ စစ်တပ်က လက်နက်ကြီးပစ်လို့ နေအိမ်တွေ နဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးတာတွေရှိတယ်။ ဘယ်လောက်ပျက်စီး လဲတော့ ကျနော်တို့လည်း အတိအကျမပြောနိုင်ဘူး။ အဲ့ဘက်က သွားလာလို့တော့ မရဘူးလေ” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့်သာ အများဆုံး တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း သိရသည်။

(ပုံ – SAN AUNG) ပင်လောင်းမြို့နယ် ကောင်းမဲသင်းရွာ ဘုန်းကြီးကျောင်း လက်နက်ကြီး ကျ ပျက်စီး

ထိုအပြင် ယနေ့ထိတိုင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက တိုက်ပွဲနေ့စဉ်ဖြစ်ပွား နေလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF KK က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်ဗွေဟုန်း က ပြောသည်။

“ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ်။ ပြီးခဲ့တဲ့ရက်ကတော့ စစ်ကောင်စီက လက်နက်ကြီးတွေကို ဆက်တိုက်ပစ်တာရှိတယ်။ လက်နက်ကြီးက ရွာတွေထဲ နဲ့ ဘုန်းကြီးကျောင်းတွေမှာကျတာရှိပါတယ်။ သူတို့အခုက လက်နက်ကြီးတွေနဲ့ပဲ အများဆုံး ပြန်သုံးလာတယ်။ လေယာဉ်နဲ့လည်း ဝဲတယ်။ လေယာဉ်နဲ့ တိုက်ခိုက်လာတာတော့ မရှိသေးဘူး” ဟု ခွန်ဗွေဟုန်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့တွင် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်း စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့သည့် အတွက်ကြောင့် ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးခဲ့ပြီး သံဃာတော် အပါအဝင် ဒေသခံ ၂၂ ဦး သေဆုံးသွားခဲ့သည်။

(ပုံ – SAN AUNG) ပင်လောင်းမြို့နယ် ကောင်းမဲသင်းရွာ ဘုန်းကြီးကျောင်း လက်နက်ကြီး ကျ ပျက်စီး

အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်အတွင်း ဆောင်းပြောင် ၊ နမ့်နိန်း ၊ကောင်းမဲသင်း စသည့် ကျေးရွာဒေသခံများက ထွက်ပြေးတိမ်းရှောင်နေရပြီး ၂ လကြာ နေရပ်မပြန်နိုင်သေးပေ။

လက်ရှိ ပင်လောင်းမြို့နယ်ထဲတွင် စစ်ဘေးရှောင် ၆ ထောင်ဝန်းကျင်ရှိနေပြီး စစ်ရှောင်စခန်း ၁၄ ခုရှိထားကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူက ပြောသည်။

“ စစ်ရှောင်တွေကတော့ ပင်လောင်းမြို့ထဲမှာပဲရှိနေသေးတယ်။ နေရပ်မပြန်နိုင်သေးဘူး။ ကျနော်တို့ ပင်လောင်းမြို့နယ်ထဲ မှာတော့ အရင်ကလိုပဲ ၅ ထောင်ကျော် ၆ ထောင်လောက်ရှိတယ်။ သူတို့တွေ အများစုတော့ ဘုန်းကြီးကျောင်း နဲ့ ဓမ္မာရုံတွေမှာနေတယ်။ အခုက စစ်ရှောင်စခန်း ၁၄ ခုလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် နယ်စပ် တောင်စလုံး၊ မြောက်စလုံး ၊ ခေါင်းအိကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...