ဖယ်ခုံ – ပင်လောင်းမြို့နယ် စစ်ကောင်စီ အင်အားဖြည့် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်ရှိ ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲ အချိန်မရွေး နေ့စဉ် နီးပါးဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

photo – မူးပွား

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်)မှစပြီး သျှမ်း – ကယားနယ်စပ်ဒေသ တလျှောက်ရှိ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၁ လကျော်ကြာပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ အချိန်ထိ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာခြင်းကြောင့် ကျေးလက်ဒေသတွင် အချိန်မရွေး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ၊ တိုက်ပွဲများ အရှိန်ပိုပြင်းထန်သွားနိုင်ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF KK မှ တာဝန်ခံတစ်ဦးက ပြောသည်။

“ လက်ရှိ တိုက်ပွဲကတော့ ကျနော်တို့ အပြန်အလှန် ပစ်ခတ်မှုတော့ ရှိပါတယ်။ အချိန်မရွေး ဖြစ်နေတယ်။ စစ်ကောင်စီကလည်း သူတို့နေရာတွေ ယူထားတာတွေရှိတော့ ထိတွေ့တိုက်ပွဲက နေ့တိုင်းနီးပါးရှိတယ်။ နေရာကတော့ အတိတကျ မရှိဘူး။ စစ်ကောင်စီအနေ နဲ့လည်း နေရာပေါင်းစုံ စစ်ကြောင်းထိုးလာနေတော့ တိုက်ပွဲကတော့ ဒီထက် ပိုပြင်းထန်ဖို့ရှိတယ် “ ဟု ၎င်းက ပြောသည်။

လက်ရှိ တိုက်ပွဲသည် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် မည်သည့်နေရာ၊ မည်သည့်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကို အတိအကျကိုတော့ ပြောဆို၍ မရနိုင်ကြောင်း PNDF KKမှ တာဝန်ရှိသူ တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့မှ အင်အား အလုံးအရင်းသုံးပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်လာသည့်အပေါ်တွင် အထူးသတိထားရကြောင်းလည်း PNDF KK က ပြောဆိုလိုက်သည်။

“ ကျနော်တို့ နွေဦးတော်လှန်ရေး ဖြစ်လာတဲ့အခါ၊ စစ်ကောင်စီကို ပြန်လည်ခုခံတဲ့အခါမှာ စစ်ကောင်စီကတော့ သူတို့ အဝေးပစ်လက်နက်၊ လက်နက်ကြီးတွေကော သုံးတယ်။ လေယာဉ်နဲ့သုံးတဲ့အခါတော့လည်း မနိုင်တော့လို့ ရှိတဲ့ အင်အားနဲ့အကုန်ထုတ်သုံးနေတာ။ လေယာဉ်နဲ့ တိုက်ခိုက်တဲ့ အပေါ်မှာလည်း ကျနော်တို့တော့ သတိထားနေရတာပေါ့ “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အလားတူ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာကိုလည်း စစ်ကောင်စီမှ ရှေ့တန်းဆေးကုစခန်းအဖြစ် အသုံးပြုနေကြောင်း သိထားရသော်လည်း သျှမ်းသံတော်ဆင့် သတင်းမီဒီယာမှ အတည်ပြု၍ မရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ၁ လကျော်ကြာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော် ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အဝတ်အထည် စသည် လိုအပ်ချက်များလည်း အကူညီ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...