နောင်ချိုမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးရိုက်နှက်

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး (MDY-PDF ) ပူးပေါင်း တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားစဥ်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

အင်းမကျေးရွာ

စစ်ကောင်စီ နှင့် MDY – PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် နောင်ချိုမြို့နယ် အင်းမကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဇနီးဖြစ်သူကို စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်းမရွာထဲကို စစ်ကောင်စီ စစ်ကြောင်း ဝင်လာတဲ့ အချိန်မှာ ဖမ်းသွားတာ၊ သူ့ဇနီးကိုလည်း ဖမ်းသွားတယ်၊ တစ်ပတ်လောက် ရှိနေပြီ၊ လာဖမ်းတုန်းက ရိုက်နှက်တာတွေ ရှိတယ်၊ ဖမ်းသွားပြီး ထပ်ရိုက်သေးတယ်လို့လည်း ကြားမိတယ်” ဟု အမည်မဖော်လိုသူ နောင်ချိုမြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အမျိုးသမီးကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးရိုက်နှက်ကြောင်း ၊ မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင် ထားသည်ကို မသိရကြောင်း ဒေသခံများက ဆက်ပြောသည်။

လက်ရှိ အချိန်တွင် မြေပြင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေသေးသည့် အပြင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ကလည်း ဟိုခိုကျေးရွာအတွင်း ဝင်ရောက်နေရာယူထားကြောင်း ဒေသခံများက ဆက်ဆိုသည်။

“အခု မြေပြင် တိုက်ပွဲ ပစ်ခတ်မှုတွေက ငြိမ်သွားပေမဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုက ရှိနေတုန်းပဲ၊ လမ်းတွေကို စစ်ကောင်စီက ပိတ်ထားတုန်းပဲ၊ ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားလို့ မရသေးဘူး၊ စစ်ရှောင်တွေလည်း အကုန် အိမ်ပြန်မရောက်ကြသေးဘူး၊ နေအိမ် အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးတာများတယ်” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်မှစပြီး ၁၀ ရက်ကျော်ကြာ နောင်ချိုမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် MDY – PDF တို့ ထိတွေ့တိုက်ပွဲအကြား ဒေသခံနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းကြီး၊ ဟိုခဲ၊ ကုန်းညောင်၊ ရေဦးကြူကော်၊ နားနွဲ့၊ တော်မွန်း၊ အင်းမဟိုခို၊ ကုလားရွာ၊ လွယ်ငင်းမှ ဒေသခံပြည်သူ စုစုပေါင်း (၁,၀၀၀) ကျော်သည် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

လက်ရှိ စစ်ရှောင်အများစုသည် နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျောင်း၊ လမ်းခွဲကျောင်း နှင့် ဘန့်ဘွေးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ်ပြန်ရန် စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် MDY PDF ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦးထက် မနည်း ထိခိုက် ပျက်စီးရသည့်အပြင် နေအိမ် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းတွင်လည်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီ နှင့် MDY-PDF တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား တစ်ဦးကို စစ်ကောင်စီတို့က ပစ်သတ်မှု ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...