လဲချားမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ရှောင်များ စားနပ်ရိက္ခာ အကူညီလိုအပ်နေ

သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာ ဝါဆိုဘုန်းကြီးကျောင်းရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာအတွက် အရေးပေါ် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများ

ယမန်နေ့ ( ဧပြီ ၁၁ ရက်) နံနက်ပိုင်းက သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် လဲချားမြို့နယ် မတ်လန်းကျေးရွာအုပ်စု နမ့်မော်မွန်ရွာနှင့် ဝမ်နောင်ဟွမ်ရွာမှ ဒေသခံ ပြည်သူ ဦးရေ ၇၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိမှာ ဟိုဖိုင်ကျေးရွာ ဝါဆိုဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်ကြရာ စားနပ်ရိက္ခာ လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ တစ်ဦးက ပြောသည်။

“စားနပ်ရိက္ခာတွေတော့ နည်းနည်း လိုအပ်နေသေးတယ်ဗျ။ ထွက်ပြေးလာတုန်းက ဘာမှမယူလာရတော့ အဓိကတော့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဦးရေ ၇၀ ကျော်ထဲမှ လူဦးရေ ၃၀ ကျော်ဟာ စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်းလည်း သိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများ

“မနေ့ကတော့ စစ်ဘေးရှောင်ဦးရေ ၇၀ ကျော်လောက်ရှိတယ်။ ဒီနေ့မနက်မှ ပြန်သွားကြတာ။ စခန်းမှာ စစ်ရှောင်ဦးရေ ၄၀ လောက်ပဲ ကျန်တာ။ သူတို့ အိမ်မှာ အလုပ်ကိစ္စတွေ နဲ့ မပြီးမစီး ကာလမို့ ပြန်သွားကြတာ။ တချို့လည်း ခြံ၊ လယ်ယာ၊ ကြက်သွန်တွေ နုတ်ရမယ်ဆိုတော့ ပြန်သွားကြပြီ။ ဒီချိန်မှာ တိုက်ပွဲဖြစ်နေတော့ ပြန်သွားတော့လည်း စိုးတော့ စိုးရိမ်ရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် သျှမ်းတပ်ဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာ စစ်ရေးတင်းမာနေဆဲကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင်လည်း လဲချားမြို့နယ် စလိုင်းလွယ်ရွာအနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး RCSS/SSA တပ်သား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရပြီး၊ SSPP/SSA မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ မက်လန်းရွာတွင် စစ်ကောင်စီ နှင့် မန်ပန်ပြည်သူ့စစ် တပ်ဖွဲ့တို့လည်း ရှိနေကြောင်း သိရသည်။

သျှမ်းတပ် နှစ်တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း ကွန်ဟိန်းမြို့နယ်အတွင်း၌ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...