ညောင်ရွှေမြို့နယ် တိုက်ပွဲကြောင့် အောင်ပန်းမြို့ စစ်ဆေးရေးတင်းကြပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်ပန်းမြို့ အဝင်အထွက်မှာ စစ်ဆေးရေး တင်းကြပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ အောင်ပန်းမြို့ အဝင်အထွက်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး တောင်ကြီးမြို့ နှင့် ညောင်ရွှေမြို့ မှ လာသည့်သူများကို ပိုပြီးစစ်ဆေးနေကြောင်း သိရသည်။ “ မြို့ထဲမှာ စစ်ဆေးတာတော့ မရှိဘူး။ အဓိကတော့...
တိုက်ပွဲကြား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံး ၃ ဦး ဖမ်းဆီးခံထားရ
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းထောင်ရွာကြားတွင် စစ်ကောင်စီ နှင့် အင်းလေး IPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး IPDF တပ်ရင်း ၁၀၀၉ တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံးခဲ့ကာ ၃ ဦး ဖမ်းဆီးခံထားရကြောင်း...
အင်းလေးကန်အနောက်ဘက်ခြမ်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တိုက်ပွဲဖြစ်ပွား
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းရရှိသည်။ ယမန်နေ့ (ဇန်နဝါရီ ၃) နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့သည် အင်းလေးကန်အနောက်ဘက်ခြမ်း ဘုရားနီးကျေးရွာ နှင့်...
ဖားကန့်မြို့နယ် ကက်သလစ်ဘုရားကျောင်းထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခါကျေးရွာ ကက်သလစ်ဘုရားကျောင်းတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၃၀) ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ...
တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့် ဘဝသစ် ထူထောင်နေရတဲ့သူများ
“တိုက်ပွဲတွေက ဘာကြောင့် ခဏခဏ ဖြစ်တယ်ဆိုတာ မသိပေမယ့် ကျမတို့တွေကတော့ တိုက်ပွဲကြောင့် ခဏခဏ ပြေးခဲ့ရတယ်”လို့ အသက် ၂၇ နှစ်အရွယ် နန်းမိုခမ်းက စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။ သူမက သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု ဝမ်မိုင်ပန်လုံကျေးရွာသစ်မှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင်းက သျှမ်းပြည်မြောက်ပိုင်း...
မုံးကိုးဒေသ MNDAA တပ်စခန်းကို စစ်ကောင်စီလေကြောင်းတိုက်၊ MNDAA တပ်သားတစ်ဦး ကျဆုံး ၅ဦးထိခိုက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသတွင် စစ်ကောင်စီမှ ကိုးကန့်တပ် (MNDAA) ရှိသည့်နေရာကို Su-30 တိုက်လေယာဥ်ဖြင့် ပစ်ခတ်သဖြင့် MNDAA ဘက်မှ တပ်သားတစ်ဦးကျဆုံးခဲ့ပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၂၆ရက် နံနက် ၁နာရီကျော်တွင် စစ်ကောင်စီဘက်မှ Su-30 တိုက်လေယာဦဖြင့် MNDAA တပ်စခန်းကို...
နမ့်ဆန်တိုက်ပွဲအတွင်း ပျက်စီးသည့် အိမ်များ ပြန်လည်ပြုပြင်ရန် အကူအညီလိုအပ်နေ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်မှ Mi-17, Mi-35 ဂျက်လေယာဥ်ဖြင့် တအာင်း (ပလောင်)...
နမ့်ဆန်မြို့ တိုက်ပွဲငြိမ်ပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲငြိမ်သက်နေသော်လည်း ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၁၀၀၀) နီးပါး ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က စစ်ကောင်စီ နှင့် တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် စစ်ကောင်စီဘက် (၃) ဦးကျဆုံး
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် နှင့် မုံးကိုးကြားရှိ ဝိန်းဆိုင်ကျေးရွာအနီး စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာ (၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်က MNDAA တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့...
ဒလန်ဆိုပြီး အပြန်အလှန်သတ်ဖြတ်နေတာ တော်လှန်ရေးရဲ့ အဖြေလား
ကြိမ်ထိုင်ခုံပေါ်မှာ အိပ်နေတဲ့သူကို အမျိုးသား တစ်ယောက်ရှိတဲ့နေရာကို လက်ထဲမှာ ပစ္စတိုသေနတ်နဲ့ လူငယ်တယောက်က လမ်းလျှောက်ဝင်လာပြီး ပစ်သတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲ့ဗီဒီယိုဖိုင်ကို ရုတ်တရက် ကြားလိုက်တော့ အချင်းချင်း သဘောထားမတိုက်ဆိုင်၊ မကျေနပ်လို့ လာပစ်သတ်တာလို့ ထင်ရပေမဲ့ တကယ်တော့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်ကနေပြီးတော့ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရတဲ့...





