နောင်ချို တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၄ ထောင် နီးပါးရှိလာ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၄ ထောင် နီးပါးရှိကြောင်း စုံစမ်းသိရသည်။

Photo: Tin Maung Thein ( စစ်ရှောင်ထွက်ပြေးရသူများ)

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က နောင်ချိုမြို့နယ်တွင် တိုက်ပွဲတစ်ဖန် ပြင်းထန်ခဲ့မှုကြောင့် ဒိုးပင်၊ ဟိုခို၊ လုံရုံး စသည့် ကျေးရွာများမှ စစ်ရှောင်ဦးရေ ၁ ထောင်ကျော်သည် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကာ မြို့ပေါ်ရှိ ဆွေမျိုးအိမ် နှင့် ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံခဲ့ရကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် လက်ရှိ စစ်ရှောင်ဦးရေ ၃ ထောင်ကနေ ၄ ထောင် နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“ လောလောဆယ် စစ်ရှောင်ဦးရေက ၃ ထောင်ကျော်ကျော် ၄ ထောင် နီးပါးလောက်ရှိနေပြီဗျ။ ဒိုးပင်၊ ဟိုခို ဖက်ကလာတာများတယ်။ တချို့လည်း ဆွေမျိုးတွေရှာပြီး ဆွေမျိုးနဲ့လာနေကြတယ်။ တချို့က ဘုန်းကြီးကျောင်းမှာ နေတယ်။ စားနပ်ရိက္ခာကတော့ ရှိတဲ့သူ၊ တတ်နိုင်တဲ့သူတော့ ကောင်းကောင်း စားရတယ်။ မရှိတဲ့သူတွေအတွက် ကြတော့ ရှိသာလေးနဲ့ စားရတာပေါ့ “ ဟု ၎င်းစစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

Photo: Tin Maung Thein ( စစ်ရှောင်ထွက်ပြေးရသူများ)

အဆိုပါ စစ်ရှောင်ဦးရေ ထပ်မံတိုးမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာများလည်း ပိုမိုလိုအပ်လာနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

ထို့အပြင် (ဧပြီလ ၅ ရက်) မှစ၍ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၁ လနီးပါးကြာ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ရှောင်အချို့မှာလည်း နေရပ်ပြန်သွားဖို့အတွက် လုံခြုံရေး စိုးရိမ်နေကြကြောင်းလည်း သိရသည်။

“ကျနော်တို့ ရွာဖက်မှာတော့ ငြိမ်နေပြီ။ တချို့လည်း ပြန်နေကြတယ်ဗျ။ ကျနော်တို့လည်း နက်ဖြန်ကြရင် ပြန်မယ်လို့ စီစဉ်ထားတယ်။ ပြန်သွားရင်လည်း တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်တယ်။ မိုင်းတွေ နင်းမိမှာလည်း ကြောက်ရတယ်။ အဲ့လိုတွေ စိုးရိမ်နေရလို့ အခုတောင် ကျနော်တို့ ပြန်ဖို့ နည်းနည်းနောက်ကျနေတာ။ မပြန်ရင်လည်း မရတော့ဘူး “ ဟု ဟိုခဲရွာမှ စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နောင်ချို့မြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲအကြားတွင် နှစ်ဖက်တပ်ဖွဲ့ အကျအဆုံးများနေပြီး စစ်ကောင်စီ ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးသေဆုံးကြောင်း MDY PDF က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝှမ်းလုံး အတိုင်းတာအရ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ ၁ ဒသမ ၈ သန်းကျော်အထိ ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မှ (ဧပြီလ ၁၉ ရက်) တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...