နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

MDY-PDF

ပြီခဲ့သည့် (ဧပြီလ ၅ ရက်)မှ စ၍ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ MDY – PDF တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အင်အား အများအပြားသုံးပြီး တိုက်လေယာဉ်ဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ တာဝန်ခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ (ဧပြီလ ၂၂ ရက်)အထိ နှစ်ဖက်တပ်ဖွဲ့၏ စစ်ရေးတင်းမာနေဆဲရှိသလို နောင်ချိုမြို့နယ်ရှိ ကျေးလက်ဒေသ၌ နေရာအတိတကျမရှိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေသေးကြောင်း မန္တလေး ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ခံ တစ်ဦးက ပြောသည်။

“ တိုက်ပွဲကတော့ နောင်ချိုမြို့နယ် နေရာအတော်များများမှာ ဖြစ်နေတာဗျ။ တစ်နေရာထဲကို ပြောဖို့က ခက်ပါတယ်။ နောင်ချိုမြို့နယ်ထဲမှာဘဲ နေရာအနှံ့အပြားမှာ ဖြစ်နေတယ် “ ဟု ၎င်းက ပြောသည်။

အလားတူ ယနေ့ (ဧပြီ ၂၂) ရက် နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် ငုက္ခလေးကျေးရွာအုပ်စုရှိ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

“ ငုက္ခလေးရွာဖက်နဲ့ နောင်ချိုမြို့အဝင် စစ်တပ်ဂိတ် တစ်ဂိတ်မှာ လာပစ်သွားတယ်လို့တော့ ကြားတယ်။ အခုဟာက ဟိုးအစကလို အကြာကြီးပစ်တဲ့ တိုက်ပွဲကြီး မဟုတ်ဘူး။ ဟိုခို၊ ဟိုခဲက ဖြစ်တဲ့ အကြာကြီးတိုက်ပွဲ မဟုတ်တော့ဘူး။ ဟိုဖက်က တပ်ဖွဲ့ငယ်ခွဲပြီး လာပစ်သွားတယ်ထင်သာပဲ။ ဘာဆိုလို့ အခုကဆက်တိုက်ကြီး မပစ်တော့ဘူး “ ဟု ၎င်းက ပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းကြီး၊ ဟိုခဲ၊ ကုန်းညောင်၊ ရေဦးကြူကော်၊ နားနွဲ့၊ တော်မွန်း၊ အင်းမဟိုခို၊ ကုလားရွာ လွယ်ငင်းမှ ဒေသခံပြည်သူ စုစုပေါင်း (၁,၀၀၀) ကျော်သည် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ ဒါကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီလိုပဲပေါ့။ ဟိုနားပစ်လိုက်၊ ဒီနားပစ်လိုက်နဲ့ဆိုတော့ ကျနော်တို့လည်း စစ်ဘေးရှောင်နေရတယ်။ ကျနော်တို့ကြတော့လည်း ပြောင်းဖူးပို့နေတယ်။ အချိန်လေးရတုန်း စစ်ရှောင်ရင်း ရွာကိုပြန်တယ်။ ပြန်ရောက်ရင်ရှိတဲ့ ပြောင်းဖူးလေးကို ရောင်းတယ်။ စိုးရိမ်လားဆိုတော့လည်း ရိုးသွားပြီလေ စိုးရိမ်စိတ်လည်း မရှိတော့ဘူး “ ဟု ၎င်းစစ်ရှောင်တစ်ဦးက ထပ်လောင်းပြောသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် MDY PDF ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၂၀)ကျော် ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...