သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းနောင်မြို့ကျေးရွာအချို့ စစ်ရှောင်နေရ

သျှမ်းပြည် လဲချားမြို့နယ် နှင့် မိုင်းနောင်မြို့ နယ်စပ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် မိုင်းနောင်မြို့ရှိ မင်္ဂလာရန်အောင် ကျောင်းတိုက်မှာ စစ်ဘေးရှောင် (၁၀၀) ကျော် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။

မိုင်းနောင်စစ်ရှောင်

အဆိုပါ စစ်ရှောင်များသည် မိုင်းနောင်မြို့ ဝမ်တုံကျေးရွာ၊ လုံယန်းကျေးရွာ၊ ဖိုင်မွမ့်ကျေးရွာ စသည့် ဒေသခံ (၁၀၀) ကျော်တို့သည် ဧပြီ (၁၃) ရက် မှ ယနေ့ ဧပြီ (၂၄) ရက်နေ့ထိ (၁၀) ရက်ကျော်ကြာ စစ်ရှောင်ထွက်ပြေးနေရကြောင်း သိရှိရသည်။

“အခုချိန်က ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်လို့ အိမ်ပြန်ပြီး ပြန်ရိတ်သိမ်းချင်ပေမယ့် တိုက်ပွဲအခြေနေက မငြိမ်သေးဘူး။ လက်ဖက်တွေ ခူးရမယ့် အချိန်ဖြစ်နေပြီ။ ခုရာသီက ခူးလို့ အကောင်းဆုံး အချိန်ဖြစ်တယ်။ မဟုတ်ရင် လက်ဖက်ရွက်တွေ ရင့်လာရင် ခူးလို့ မရတော့ဘူး။ ဒီလို တိုက်ပွဲဖြစ်တော့ အဘက်ဘက် ထိခိုက်ကုန်တယ်” ဟု စစ်ရှောင်အမျိုးသား တစ်ဦး ကပြောသည်။

မိုင်းနောင်စစ်ရှောင်

ထိုစစ်ရှောင်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့သည် ပြီးခဲ့သည့် ဧပြီ (၁၁) ရက်မှစပြီး လဲချားမြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

“သူတို့လည်း အရမ်းကို ပြန်ချင်နေပြီ။ ဒါပေမယ့် တိုက်ပွဲက မငြိမ်သေးဘူး။ ပြန်ရင်လည်း ပြန်ပေးလာရမှာကို စိုးရိမ်နေတယ်။ စစ်ရှောင် (၁၀၀) ကျော်လောက်ပဲ မိုင်းနောင်ဘက်ကို ထွက်ပြေးလာတာ။ ကျန်တဲ့ ရွာတွေက လဲချားဘက် ထွက်ပြေးတာတွေလည်း ရှိတယ်”ဟု မိုင်းနောင်မြို့မှ စစ်ရှောင်များကို ကူညီပေးသည့် ဒေသခံ တစ်ဦး ကပြောသည်။

ဧပြီ (၁၁) ရက်နေ့မှ စပြီး သျှမ်းတပ် (၂) တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့က လဲချားမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး လဲချားမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများထံ ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေး ခိုလှုံနေပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...