ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်များ ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ယနေ့ (ဧပြီလ ၂၅ ရက်) နေ့လယ် ၁ နာရီကျော် အချိန်ခန့် ၌ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အသုံးပြုပြီး စစ်ရှောင်များ အသုံးပြုနေသည့် ဆောင်းဖွေးဆေးရုံကို ပွိုင့် ၅ ဖြင့် လေးလုံးထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အနီးတဝိုက်ရှိ စစ်ရှောင်စခန်း အပါအဝင် ဆေးခန်းလာပြသည့် စစ်ရှောင်များလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

“စစ်ကောင်စီက တိုက်လေယာဉ် နဲ့ ဗုံးလာကြဲသွားတာဗျ။ အဆောင်တွေ၊ ကားတွေ အတော်များများ ပျက်စီးသွားတယ်။ လူနာကတော့ လောလောဆယ် ကယ်ထုတ်နေဆဲ အတည်ပြုလို့ မရသေးဘူး။ ဒီဆေးရုံက ကျနော်တို့ စစ်ဘေးရှောင်လူနာကို ကုပေးတာ။ မိခင်ကော ကလေးငယ်တွေကော အဲ့ဆေးရုံနားမှာဘဲ လာကုကြတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အနီးအနားရှိ စစ်ရှောင်းစခန်းအပါအဝင် ဆေးခန်းလာပြသည့် စစ်ရှောင်များမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသော်လည်း အသေးစိတ်ကိုတော့ မသိရသေးပေ။

ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

“ သူတို့ ဗုံးကြဲတဲ့အချိန်က အဲ့ဒီ ဆေးရုံးရှေ့မှာ ကျနော်တို့ စစ်ရှောင်စခန်းတွေလည်း ရှိတယ်။ လူအင်အားလည်း အတော်များတယ်။ ဖယ်ခုံ၊ ဒီမော့ဆိုဖက်က အကုန်လုံးအဲ့မှာ စစ်လာရှောင်ကြတာ။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေတော့ များတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၊ ကား နှင့် စစ်ရှောင်များ ထိခိုက်ဒဏ်ရာရပြီး အဆိုပါ ထိခိုက်ဒဏ်ရာရသူများကို ဆေးဝါးကုသပေး နေလျက်ရှိကြောင်း သိရသည်။

သျှမ်း – ကယား နယ်စပ်ဒေသ တလျှောက်တွင် နေ့စဉ်နီးပါး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိပြီး စစ်ရှောင်စခန်းများကိုလည်း ဗုံးကြဲ တိုက်ခိုက်နေခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...