စစ်ကောင်စီ ဗုံးကြဲ ဖယ်ခုံ သူနာပြု အပါအဝင် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ရှောင်များထပ်မံ တိမ်းရှောင်နေရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် စစ်ရှောင်များ အားကိုးနေရသည့် ဆောင်းဖွေးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ရာ သူနာပြုတစ်ဦးအပါအဝင် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ရှောင်များ ထပ်မံ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ယမန်နေ့ (ဧပြီလ ၂၅ ရက်) မွန်းလွဲ ၁ နာရီခန့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်များ အသုံးပြုသည့် ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီမှ Mi 35 တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် သူနာပြုတစ်ဦး အပါအဝင် လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိခိုက်ဒဏ်ရာ ရသူက အခုလောလောဆယ်သိတာ ၃ ယောက် ရှိတယ်ဗျ။ အမျိုးသမီး ၂ ယောက်ပါတယ်။ ဆုံးသွားတဲ့သူကတော့ မရှိဘူးဗျ။ စစ်ရှောင်စခန်းတွေက ပျက်စီးသွားတာ အတော်များတယ်။ စစ်ရှောင်အင်အားက ၃၀၀ ကျော်လောက်ရှိတယ်။ အဲ့ဒီ ဆေးရုံ အရှေ့ဖက်မှာ နေကြတာ။ သူတို့က သုံးလုံး လောက်ပစ်ချတယ်။ ပေါင် ၅၀၀ တစ်လုံးက ကံကောင်းစွာနဲ့ မကွဲလို့ ကွဲရင်အတော်ကို ပျက်စီးသွားမှာ “ ဟု ၎င်းက ပြောသည်။

ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

အဆိုပါ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိ စစ်ရှောင်စခန်းရှိ စစ်ရှောင်ဦးရေ ၃၀၀ ကျော်မှာ ဘေးလွတ်ရာ တောတောင်အတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်ရှောင်ဦးရေ ၃၀၀ ကျော်သည် အရေးပေါ် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“ အခုက လူစုပြီး မနေရဲတော့ဘူး။ နီးစပ်ရာ တောတောင်တွေမှာ သွားခိုလှုံနေရတယ်။ နေ့ဘက်မှာ အန္တရာယ်လည်း အရမ်းများတော့ လုံခြုံတဲ့ နေရာနေဖို့လည်း ထုတ်ပြန်ထားတာတွေလည်း ရှိတယ်။ အဓိက ခက်ခဲတာတော့ တောတောင်ထဲကို ချက်ချင်းပြောင်းသွားရတယ်ဆိုတော့ စားနပ်ရိက္ခာပိုင်းလိုအပ်တယ်။ အဲ့ဒီ ဆေးရုံက ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမော့ဆိုက အားကိုးရတဲ့ ဆေးရုံဖြစ်တော့ အခုလို ဗုံးလာကြဲတာ နဲ့ပတ်သက်ပြီး ဆေးဝါးတွေ အတော်ကို အခက်ခဲဖြစ်သွားတယ် “ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်းအပါအဝင် ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ ၎င်းတို့၏ ဝါဒဖြန့် မီဒီယာတွင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ စစ်ရှောင်စခန်း အပါအဝင် ဒေသခံပြည်သူများ၏ နေအိမ်၊ စာသင်ကျောင်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...