Wednesday, April 24, 2024

ကျိုင်းတုံ စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး ကြိုးဆွဲချ သေဆုံး

Must read

သျှမ်းပြည် ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) မှ တပ်ကြပ်တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသည့် တပ်ကြပ်ကြီးကို သဂြိုလ်စဥ်

ယမန်နေ့ (ဧပြီလ ၂၂ ရက်) မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုင်းတုံမြို့ အမှတ် (၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်အတွင်း၌ အသက် ၄၀ နှစ်အရွယ်ရှိ တပ်ကြပ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တပ်ကြပ်တစ်ဦး ကြိုးဆွဲချပြီး ကိုယ့်ကိုယ် အဆုံးစီရင်သွားတာ။ သူတို့ တပ်နယ်မြေထဲမှာပဲ လုပ်သွားတာ။ ဘာကြောင့် အခုလို လုပ်သွားတာလည်းတော့ သေချာမသိရဘူး။ သူတို့တပ်ထဲက အခုအခြေအနေကြောင့် နဲ့ အဆင်မပြေလို့ လုပ်သွားတာလားလည်း ဖြစ်နိုင်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ကြိုးဆွဲချ သေဆုံးနေသည့် တပ်ကြပ်တစ်ဦး၏ အလောင်းကို ကျိုင်းတုံစစ်ဆေးရုံတွင် ထားရှိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာရာ အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးကလည်း ယခင်ထက် ခက်ခဲသည့်အတွက်ကြောင့် ကိုယ်တိုင်အဆုံးစီရင်သွားကြကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article