ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီး အများအပြား ပစ်ခတ်

သျှမ်းပြည် ကျောက်မဲခရိုင်အတွင်းတွင် တစ်ရက်တည်း အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်မှု ရှိနေကြောင်း သတင်းသိရသည်။

ကျောက်မဲမြို့

ယမန်နေ့ (ဧပြီ ၁၉) ရက် ညနေပိုင်း ၇ နာရီမှ စတင်ကာ ကျောက်မဲမြို့နယ် မြောက်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း တပ်အမှတ် ၅၀၁ (ခမရ) သည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်း တပ်ဖွဲ့ PDF တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး လက်နက်ကြီးများ ပစ်ခတ်မှု ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ယနေ့ (ဧပြီ ၂၀) ရက် နံနက်ပိုင်း ၅ နာရီအထိ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က လက်နက်ကြီး ၄ လုံး ထက်မနည်း ပစ်ခဲ့တယ်။ ခမရ ၅၀၁ တပ်စခန်းကို TNLA နဲ့ PDF က ပေါင်းပြီး လာပစ်တာလို့ သိရတယ်။ အများဆုံးကတော့ စက်သေနတ်သံတွေ ကြားရတာ” ဟု ကျောက်မဲမြို့မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုများ မရှိသည့် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ လုံခန်ကျေးရွာ အတွင်းသို့လည်း လက်နက်ကြီး ၆ လုံးထက် မနည်း ပစ်ခတ် လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ချောင်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက လုံခန်ရွာဘက်ကို လက်နက်ကြီး ၆ လုံးထက်မနည်း ပစ်သွားတယ်၊ ရွာထဲကိုတော့ ကျရောက်ပေါက်ကွဲတာမျိုး မရှိဘူး၊ လုံခန်ရွာကို ကျော်ပြီးတော့ လုံခန်ရွာနဲ့ ပိန်းညုရွာ (ဝၢၼ်ႈပဵင်းၼိဝ့်) ကျကွဲတာ၊ တိုက်ပွဲတွေလည်း မရှိပဲနဲ့ စစ်ကောင်စီက ပစ်တာ” ဟု နောင်ချိုဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသအတွင်း ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများကို ကြောက်လန့်စေပြီး တချို့ကလည်း ကြိုတင် စစ်ရှောင်ထွက်ပြေးသွားကြောင်း ဒေသခံများက ဆက်ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း၌ မြေပြင်ထိတွေ့တိုက်ပွဲ ငြိမ်သက်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ PDF တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း ရက်ရှည် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ (၃,၀၀၀) နီးပါး စစ်ရှောင်ထွက်ပြေး နေကြရကြောင်းလည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန် အတွက်ဟုဆိုကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း မြေပြင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...