နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အပါအဝင် တပ်သား ၁၀၀ နီးပါးသေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲကြားတွင် စစ်ကောင်စီ ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်ကောင်စီ တပ်သား ၁၀၀ နီးပါး သေဆုံးကြောင်း MDY PDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ

ယမန်နေ့ (ဧပြီ ၂၂) ရက် နံနက် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီ ခလရ (၁၄၇) တပ်စွဲထားသည့် စခန်းကုန်းကို MDY PDF က ဝင်ရောက် စီးနင်းပြီး နေထိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်မှ ခလရ (၁၄၇) တပ်ရင်းမှုး ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး ၊ ခလရ (၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်သား (၁၀၀) ဦး ဝန်းကျင်ထိ သေဆုံးခဲ့ပြီး ခလရ (၂၅၃) မှ စစ်ကြောင်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် (၁၁) ဦး ကျဆုံးခဲ့ပြီး အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ သူတို့စခန်းကို ဝင်တိုက်တာက မနက် ၃ နာရီလောက်ပေါ့။ မြတ်မင်းထွန်း ကား ကတော့ မနက်အစောပိုင်းရောက်လာခဲ့တာ။ အိမ်စီးကား ၂ စီးလာတာ။ ယူနီဖောင်း နဲ့ ဝတ်လာတာကို ကားထဲကနေ တွေ့လိုက်တာ။ ကျနော်တို့ တားစစ်ဆေးတော့ မရပ်ပေးဘူး။ အဲ့ကြောင့် ပစ်ခတ်လိုက်တာ။ ကားထဲမှာက ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းထွန်းက သေဆုံးနေပြီ” ဟု MDY PDF ပြောခွင့်ရ ကိုအော်စမွန်က ပြောသည်။

တိုက်ပွဲတွင်း သေဆုံးသည့် တပ်သားများ

ထို့ပြင် ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီ တပ်စွဲထားသည့် စခန်းကုန်းကို ၀င်‌ရောက်တိုက်ခိုက်ရာ စစ်သားများ ထွက်ပြေးသွားပြီး မန္တလေး PDF မှ နေရာယူထားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA (3) ၃ လက် ၊ 5.56 ကျည် အများအပြား ၊ ၉ မမ ကျည် အတောင့် (၂၀)၊ ၆၀ မမ အသီး (၁၀) လုံး နဲ့ အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDF ကထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့တွင် နောင်ချိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်း ခလရ (၁၁၄) နှင့် ခလရ (၁၁၅) တို့ကို MDY PDFက ရှော့တိုက်ဒုံး ဖြင့် ဝင်ရောက် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင်လည်း ခလရ (၁၁၄) တပ်ဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတပ်ရင်းမှူး နှင့် တပ်သား ၅ ဦး တို့ ထပ်သေဆုံးခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါ နောင်ချိုမြို့ပေါ် စစ်ကောင်စီတပ်စခန်းကို MDY PDF တို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ရာတွင် နောက် တို‌က်ပွဲများသည် မြို့ပေါ်သို့ ဖြစ်လာနိုင်ချေ ရှိ၊ မရှိ ကြောင်းကို MDY PDF ကိုအော်စမွန်ကို မေးမြန်းခဲ့ရာတွင် ဖြေကြားရာ ငြင်းပယ်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် ဧပြီ ၅ ရက်နေ့မှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ဒေသခံ (၇) ဦး သေဆုံးသွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...