တိုက်ပွဲကြားက အသက် အိုးအိမ် အကာအကွယ်မဲ့နေတဲ့ နောင်ချိုပြည်သူ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက ရက်ရှည်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဒီကနေ့အထိ စစ်ရေး တင်းမာမှုတွေ ရှိနေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ နောင်ချိုမြို့နယ် အတွင်း ထိတွေ့တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေ ဖြစ်နေဆဲပါ။

အခုလို ထိတွေ့တိုက်ပွဲ ရက်ရှည်ကြာ ဖြစ်နေတဲ့ နောင်ချိုမြို့နယ်အတွင်းမှာ ဒေသခံတွေက ဘယ်လို နေထိုင် စားသောက်နေကြလဲ။ ဘာတွေ စိုးရိမ်ကြောက်လန့်နေကြတာလဲ ဆိုတဲ့ အကြောင်း အမည်မဖော်လိုသူ အသက် ၅၀ အရွယ်ရှိ စစ်ရှောင် အမျိုးသား တစ်ဦးကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ နောင်ချိုမြို့နယ်ထဲမှာက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲဖြစ်စဥ်ကို ပြောပြပေးပါအုံး။

ဖြေ ။ ။ ပြောရရင် ကျနော်တို့ကလည်း တကယ်ကို နားမလည်နိုင်ဘူး ဖြစ်နေတယ်၊ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုရင် ကျနော်တို့ နောင်ချိုမြို့နယ် ခေးနင်းကျေးရွာ အုပ်စု (ဒိုးပင်) နဲ့ လုံခန်ကျေးရွာတွေဘက်ကို တိုက်ပွဲ ဖြစ်တာ နှစ်ကြိမ်ခံနေရပြီ၊ အခု ဖြစ်နေတဲ့ တိုက်ပွဲကလည်း သံဘို(ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) ၊ ဟိုခဲ၊ ကုန်းကြမ်းဘက်က ဖြစ်တယ်ဆိုပေမယ့် ကျနော်တို့ ရွာဘက်ကိုလည်း စစ်ရေးတွေ ရောက်နေတော့ ဒေသခံတွေက စစ်ရှောင် ထွက်ပြေးခဲ့ရတယ်။ ဒီ လက်နက်ကိုင် တပ်ဖွဲ့တွေက ဘာကြောင့်တိုက်ပွဲ ဖြစ်တာလဲ ဆိုတာ ကျနော်တို့လည်း မသိရဘူး၊ စစ်ရှောင်တွေလည်း အခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးဘူး။ PDF ပူးပေါင်း တပ်ဖွဲ့ နဲ့ စစ်ကောင်စီ ဖြစ်ပေမယ့် သျှမ်းရွာတွေဘက်ကိုပဲ တိုက်ပွဲဖြစ်နေကြတာ၊ အိုးအိမ်တွေကို စွန့်ခွာပြီးတော့ စစ်ရှောင်ထွက်ပြေးနေရတဲ့ ဒေသခံ အများစုကလည်း သျှမ်းလူမျိုးတွေပဲ ဖြစ်နေတယ်။

မေး ။ ။ တိုက်ပွဲ ဖြစ်လာတော့ ဒေသခံ တစ်ယောက် အနေနဲ့ ဘယ်လို ခံစားမိလဲ၊ စိုးရိမ်ကြောက်လန့်မှုက ဘာရှိလဲ။

ဖြေ ။ ။ ကျနော်တို့ အုပ်စုက ပထမ အကြိမ်ကြုံရတဲ့ တိုက်ပွဲမှာ ကျနော်တို့က ကြောက်ကြတာပေါ့၊ ဘယ်ကို ပြေးရမလဲ၊ ကျွဲ၊ နွား၊ ဝက်၊ ကြက် ဥစ္စာပစ္စည်းတွေ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေ တွေးမိတယ်၊ အဲ့မှာ စစ်ရှောင်ပြေး ရတဲ့ တချို့က ဘာပစ္စည်းမှ မယူနိုင်တာတွေလည်း ရှိတယ်၊ ပြီးတော့ ဒုတိယ အကြိမ်၊ တတိယ အကြိမ် ဆိုပြီးတော့ တိုက်ပွဲဒဏ်တွေကို ခံလာခဲ့ရတယ်၊ ဒုတိယ အကြိမ် တိုက်ပွဲမှာ ကတုတ်ကျင်းတွေ ရှိပေမဲ့ စိတ်လုံခြုံမှုကို မရနိုင်သေးဘူးလေ၊ ဗုံးတွေကျမလား၊ စစ်သားတွေ လာရှာမလား ဆိုတာတွေ တွေးကြောက်ရတယ်၊ တိုက်ပွဲ ဖြစ်တိုင်း ဒေသခံတွေပဲ စစ်ရှောင်ထွက်ပြေးရတယ်၊ အိုးအိမ်တွေကို လက်နက်ကြီးထိ ပျက်စီးရတယ်၊ ဘယ်တိုက်ပွဲပဲ ဖြစ်ဖြစ် ပြည်သူတွေပဲ အထိနာတယ်။

တိုက်ပွဲကြောင့် ပြည်သူနေအိမ်ထိခိုက်ပျက်စီး

မေး ။ ။ လက်ရှိ အခြေအနေမှာ စစ်ရေးတင်းမာမှု ရှိနေတဲ့ ကျေးရွာ ဒေသက ဘယ်နေရာတွေ ဖြစ်လဲ။

ဖြေ ။ ။ အစပိုင်းမှာတော့ ကျနော်တို့ ကျေးရွာ အုပ်စုဘက်မှာ တိုက်ပွဲ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပေါ့၊ အခုတစ်ခေါက်ကတော့ ကြူအင်းရွာ (ဝၢၼ်ႈၵိဝ်ႇဢၢင်း) ၊ အင်းမရွာ၊ ဟိုခိုရွာ၊ ဟိုခဲရွာတွေဘက်ကို တိုက်ပွဲက ကူးသွားတယ်၊ အခုက အဲ့ဘက်တွေမှာ စစ်ရေး တင်းမာနေကြတာ။

မေး ။ ။ တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးရတဲ့ ပြည်သူတွေက ဘယ်မှာနေထိုင်ကြရလဲ။ စားဝတ်နေရေးတွေ ကရော ကိုယ့်ဘာသာ စီစဥ်နေရတာလား။

ဖြေ ။ ။ မြို့ပေါ်မှာ ဆွေမျိုးရှိတဲ့သူတွေက ဆွေမျိုးတွေဆီ သွားနေတယ်။ တချို့ကလည်း ကူညီထောက်ပံ့ပေးတဲ့ သူတွေက စီစဥ်ပေးတဲ့ ဘုန်းကြီးကျောင်းတွေ၊ နေရာတွေမှာ နေထိုင်ကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေကျတော့ တစ်လကို ငါးသောင်း နဲ့ အိမ်ငှားနေကြတယ်။ တချို့လည်း မိသားစု နှစ်ခု/သုံးခု စုပြီး အိမ်ငှားနေထိုင်ကြတာ ရှိတယ်။ ကျနော်တို့ လုံခန်ရွာက ဒေသခံ ၅၀၀ ကျော် စစ်ရှောင် ထွက်ပြေး နေရတုန်းပဲ။ ခန့်မှန်းရသလောက်တော့ စစ်ရှောင်ထွက်ပြေးရတဲ့ သူတွေက စုစုပေါင်း သုံးထောင်နီးပါးလောက် ရှိနေပြီ၊ စစ်ရှောင်မပြေးဘဲနဲ့ အိမ်စောင့်အဖြစ် ကျွဲ၊ နွား၊ ဝက်တွေကို ကြည့်ပေးနေတဲ့ သူတွေလည်း ရှိနေကြတယ်။ သူတို့ကြတော့ ရွာထဲမှာပဲနေပြီး တိုက်ပွဲဒဏ်ကို ကြည့်ရှောင်နေကြရတာပေါ့။

တိုက်ပွဲကြောင့် ပြည်သူနေအိမ်ထိခိုက်ပျက်စီး

မေး ။ ။ အခုလည်း တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှု အခြေအနေတွေက ရက်ရှည်ကြာလာတော့ ဒေသခံ တစ်ယောက် အနေနဲ့ ဘယ်လိုပြောချင်လဲ။

ဖြေ ။ ။ အခုလိုမျိုး PDF ပူးပေါင်းတပ်ဖွဲ့ဘက်လည်း မဆုတ်ဘူး။ စစ်ကောင်စီကလည်း မဆုတ်ဘူးဆိုရင်တော့ တိုက်ပွဲက ပိုမိုပြင်းထန်လာမဲ့ အလားအလာရှိပါတယ်။ အခုလည်း ကျနော်တို့က တိုက်ပွဲဖြစ်လာရင် ရှောင်လိုက်၊ စစ်ရေးတင်းမာမှု ဖြစ်ရင် ရှောင်လိုက်နဲ့ လုပ်နေရတော့ ဝမ်းစာအတွက် လုပ်ငန်းတွေ၊ တောင်ယာတွေက မစ နိုင်သေးဘူး ဖြစ်နေတယ်။ သာမာန် အချိန်တုန်းကဆိုရင် ဒီအချိန်က ကျနော်တို့ ယာခင်းစဝင်ပြီး လုပ်ငန်းတွေလည်း စလုပ်နေပြီ။ ဒါပေမဲ့ အခုကတော့ ပြောင်းမျိုးစေ့တွေလည်း မဝယ်နိုင်ဘူး။ ယာခင်းထဲလည်း မသွားနိုင်ဘူး။ ဒီလိုသာ ဆက်ဖြစ်နေရင် နောက်နှစ်အတွက် သီးနှံစိုက်ပျိုးမှုတွေ မရှိလို့ နောက်နှစ်အတွက် စားဝတ်နေရေးတွေလည်း ခက်ခဲလာမှာ အမှန်ပဲ။ ဒါကြောင့် တိုက်ပွဲတွေကို ပြီးဆုံးစေချင်တယ်၊ နယ်မြေ ငြိမ်းချမ်းစေချင်တယ်။

ပြီးတော့ အခုတိုက်ပွဲဖြစ်နေတာက PDF ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတွေသာ ဖြစ်တယ်၊ ကျနော်တို့ နယ်မြေ ဒေသထဲမှာ သျှမ်းတပ်မတော် SSPP/SSA လည်း ရှိနေတယ်၊ ဒါကြောင့် သျှမ်းတပ်မတော်ကလည်း ကျနော်တို့ သျှမ်းပြည်သူတွေအတွက် ကာကွယ်မှုလုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့နော်၊ ကျနော်တို့ သျှမ်းမိဘပြည်သူတွေ ရှိနေတဲ့နေရာကို တိုက်ပွဲမဖြစ်အောင် တားပေးတာမျိုးပဲဖြစ်ဖြစ် လုပ်ပေးစေချင်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ထပ်မံဖြည့်စွက်ပြောချင်သာ ရှိရင် ပြောပေးပါ။

ဖြေ ။ ။ ကျနော်တို့ အနေနဲ့ကတော့ တိုက်ပွဲတွေ အမြန်ပြီးဆုံး စေချင်ပါတယ်၊ ပြီးတော့ နယ်မြေ ငြိမ်းချမ်းမှု ရှိပြီး လုပ်ကိုင်စားသောက်မှုတွေ အဆင်ပြေစေချင်တာပေါ့နော်။ ကျနော်တို့က ကိုဗစ် ကတည်းက ခက်ခဲလာတယ်။ ကိုဗစ် ပြီးတော့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ခံရတယ်။ အခုက တိုက်ပွဲဒဏ် ထပ်ခံရတယ်။ ဒါကြောင့် တိုက်ပွဲတွေ ရပ်ပေးပါ။ ကျနော်တို့ ပြည်သူတွေကို သနားပေးကြပါလို့ ပြောချင် ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...