လဲချားမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရ
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်း သိရသည်။ . ယနေ့ သြဂုတ် ၆ ရက် နံနက် ၆ နာရီကျော် အချိန်တွင် လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု...
“ဆွေးနွေးမရရင် လက်နက် နဲ့ ဖြေရှင်းမယ်ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ ယနေ့ (သြဂုတ် ၆) ရက် မနက်ပိုင်းမှ စတင်ပြီး လဲချားမြို့နယ် ထဲမှာတိုက်ပွဲ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့...
SSPP ဌာနချုပ် လုံခြုံရေးအတွက် တပ်မဆုတ်ပေးနိုင်
SHAN -
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်၏ လုံခြုံရေးအတွက် တပ်မဆုတ်နိုင်ကြောင်း SSPP က ထုတ်ပြန်ပြောဆိုလိုက်သည်။ လဲချားမြို့နယ်အတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့ကြား ယနေ့ (သြဂုတ် ၆)ရက် နံနက် ၆နာရီကျော်မှ စပြီး လက်ရှိ အချိန်ထိ စစ်ရေးပြင်းထန်နေသေးကြောင်းသိရသည်။ စစ်ကောင်စီဘက်မှ SSPP ၏ တပ်စခန်း...
လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP တိုက်ပွဲဖြစ်
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တို့ ယနေ့ (သြဂုတ် ၆) ရက် နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ . ယနေ့ (သြဂုတ် ၆ )...
TNLA တပ်နှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးမှုများ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) နှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ အသေအပျောက်များနေကြောင်း သတင်းရရှိသည်။ . သြဂုတ်လ (၂) ရက်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုမှ နှစ်ဖက်တပ် တိုက်ပွဲကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်...
နောင်ချို ဂုတ်တွင်း စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအနီးတွင် ယနေ့ (သြဂုတ် ၄) ရက် နေ့လည် ၏၁၂ နာရီဝန်းကျင်၌ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ . ဖြစ်စဉ်မှာ ယနေ့ သြဂုတ် ၄ ရက် နေ့လည်ပိုင်း ၁၂...
မူဆယ်မြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စုအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရသည်။ . ယနေ့ သြဂုတ်လ ၃ ရက်နေ့သည် နမ့်အွမ်ဈေးနေ့ ဖြစ်သော်လည်း စစ်ရေးတင်းမာမှုများကြောင့် ဈေးမဖြစ်သည့် အပြင် ဆိုင်ခန်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့က...
မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သားများ ထိခိုက်မှုရှိ
သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြစ်ပွားသည့် တိုက်ပွဲကြား အရပ်သားများထိခိုက်မှုရှိနေကြောင်းစုံစမ်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၁၀ စီးကို TNLA...
မူဆယ်မြို့ပေါ် လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ
သျှမ်းပြည် မူဆယ်မြို့ပေါ်အတွင်း ယနေ့ (သြဂုတ် ၂) ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် လက်နက်ကြီး (၁၀) ကြိမ်ဆက်တိုက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၂) ရက်တွင် သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာရှိ လွိုင်တေးမိန်း တောင်ခြေတွင် စစ်ကောင်စီ...
မူဆယ်မြို့နယ် စစ်ရေးတင်းမာနေဆဲ ၊ ဝါတွင်း ဘုန်းကြီးကျောင်းတက် အလှူလုပ်ရန် ဒေသခံများ ကြောက်လန့်နေ
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) တို့ အကြား စစ်အင်အားဖြည့်တင်းမှု အပြိုင်အဆိုင် ပြုလုပ်နေပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်မှစပြီး မူဆယ်မြို့နယ်...





