Tuesday, February 24, 2026

အိုရှာအစီရင်ခံစာနှင့် မြန်မာပြည်က ကြေကွဲစရာ အဖြစ်ဆိုးကြီးများ

နိဒါန်း

“ဒီပြောပြလို့ မရနိုင်တော့တဲ့ ကြေကွဲစရာအဖြစ်ဆိုးကြီးကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတွေးအခေါ်အသစ်တွေ အရေးတကြီးလိုအပ်နေပါတယ်”။ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး ဗော်ကာတာခ် (Volker Türk) က တောင်းဆိုသတိပေးခဲ့ခြင်း ဖြစ်သည်။

BNI

အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အတင်းအကြပ်ဖိအားပေးဖို့နှင့် လူ့အဖွဲ့စည်းကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားသည့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုစနစ်ဆိုးကို မြန်မာပြည်သူများ ရင်ဆိုင်နေရသည်ဟုလည်း ဆိုပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မစ္စတာဗော်ကာတာခ် ညွှန်းဆိုသော မြန်မာနိုင်ငံအတွင်းက ကြေကွဲစရာအဖြစ်ဆိုးများနှင့် လေးဖင့်တုန့်ဆိုင်း နေဆဲဖြစ်သော နိုင်ငံတကာအသိုင်းအဝိုင်း၏ အတွေးအခေါ်အသစ်များကို လေ့လာတင်ပြသွားပါမည်။

OHCHR အစီရင်ခံစာ

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်သော ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ ၅၄ ကြိမ်မြောက်အစည်းအဝေးတွင် တင်သွင်းသော လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်ခံရမှုများကို ထည့်သွင်းဖော်ပြထားသည်။

ယင်းအတွက် အာဏာသိမ်းစစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်တပ်ဆန့်ကျင်သော လက်နက်ကိုင် အစုအဖွဲ့များ၏ ချိုးဖောက်မှုများနှင့် ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများဟူ‌၍ အပိုင်း ၃ ပိုင်း ခွဲကာ တင်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ထောင်နှင့်ချီသော အရပ်သားပြည်သူများအား သတ်ဖြတ်မှု၊ သောင်းနှင့်ချီသော အရပ်သားပြည်သူများ ဖမ်းဆီး ထိန်းသိမ်းခံရမှု၊ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့နယ်အတွင်း သေဒဏ်နှင့် အမြင့်ဆုံး အပြစ်ဒဏ်များ ချမှတ်မှုများ၊ နိုင်ငံရေးအကျဉ်းသားများအား ကွပ်မျက်နေခြင်း စသည်တို့ကို ကိန်းဂဏန်း အချက်အလက်များဖြင့် ဖော်ပြထားသည်။

စစ်ကောင်စီမှ ထိန်းချုပ်ထားသည့် တရားရုံးများသည် ပရဟိတလုပ်သူများကိုပင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်ဟု ဆိုပါသည်။

ထို့အပြင် များပြားလှသည့် အာဏာသိမ်းစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများဟူ၍ အပိုင်းခွဲကာ ရှင်းလင်း ထားပါသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် ၊ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်၊ ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်များကို ကြေကွဲစရာအဖြစ်ဆိုးများအဖြစ် အချက်အလက်ဖြင့် ဖော်ထားသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်း ဆယ်ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၂ မှု ရှိခဲ့ပြီး အရပ်သား ပြည်သူ ၅၆၅ ဦး အထိ အသက်သေဆုံးခဲ့ရကြောင်း OHCHR က ခန့်မှန်းထားသည်။

ပဲခူးတိုင်း ထန်းတပင် မြို့နယ် ညောင်ပင်သာရွာဖြစ်စဉ်၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်းရွာဖြစ်စဉ်၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ ဖြစ်စဉ်များကို အချက်အလက်များဖြင့် တင်ပြထားပါသည်။

သောင်းနှင့်ချီသော နိုင်ငံတဝှမ်း ကျေးရွာအလိုက် မီးရှို့ဖျက်ဆီးမှုများသည် အာဏာသိမ်းစစ်ကောင်စီတပ်၏ “ဖြတ်လေးဖြတ်” နည်းဗျူဟာအဖြစ် OHCHR က သုံးသပ်ထားပြီး အရပ်သားပြည်သူပိုင်နေအိမ်များအပြင် အစားအစာသိုလှောင်ရုံ (ဥပမာ-စပါးကျည်)၊ မျိုးစေ့သိုလှောင်ရုံ၊ မွေးမြူရေးလုပ်ငန်း စသည်တို့ကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေကြသည်ဟု ဆိုပါသည်။

၂၀၂၁ ခုနှစ် မေလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက် အထိ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပေါင်း ၇၄၈၇၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းသည် မီးရှို့ဖျက်ဆီးခံရမှုအားလုံး၏ ၇၇ ရာနှုန်းအထိ ခံခဲ့ရသည်ကို တွေ့ရသည်။

စစ်တပ်ဆန့်ကျင်သော လက်နက်ကိုင်အစုအဖွဲ့များ၏ ချိုးဖောက်မှုများတွင်တော့ အာဏာသိမ်းစစ်ကောင် စီမှ ထုတ်ပြန်ထားသော အုပ်ချုပ်ရေးမှူး အသတ်ခံမှုများ၊ စစ်တပ်အငြိမ်းစားဝန်ထမ်း သေဆုံးမှုများ စသည့် အချက်အလက်များကို အတည်မပြုနိုင်သေးဟု ဆိုကာ OHCHR အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

မန္တလေး၊ မကွေး၊ ရန်ကုန်တိုင်း အတွင်းမှ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှု ဖြစ်စဉ်များကို အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်သော စစ်ကောင်စီ၏ သင်္ကြန်ရိုးရာကပွဲ ဒရုန်းဖြင့် ဗုံးပစ်ချခံရသည့် ဖြစ်စဉ်ကိုလည်း ထည့်သွင်းဖော်ပြ ထားပါသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ရှိလာသည့် စစ်ကိုင်း တမူးမြို့နယ် ကားလမ်းမပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဖြစ်စဉ်ကို ဖော်ပြထားသကဲသို့ ၂၀၂၃ ခုနှစ် မေလတွင် ထွက်ပေါ်လာသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တပ်ဖွဲ့ဝင်တချို့၏ အမျိုးသား (၃) ဦး အား သစ်ပစ်တွင် ကြိုးချည်ကာ မီးရှို့စစ်ဆေးနေသည့် ဖြစ်စဉ်များကို တင်ပြထားသည်ကို တွေ့ရသည်။

ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သတ်၍မူ စိုးရိမ်နေရဆဲ ဖြစ်သည်ဟု ဆိုထားပါသည်။

ဆက်စပ်တွေ့ရှိချက်များ

၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ OHCHR ၏ အစီရင်ခံစာသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်တပ်၏ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကို မည်သို့ချဲ့ထွင် တိုးမြှင့်လုပ်ဆောင်နေသလဲဆိုသည်ကို အဓိက ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုရပါမည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာဗော်ကာတာခ် က “တွေ့ရှိချက်တွေက ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်အပျက်များစွာကို ဖော်ထုတ်ထားတယ်။ လူ့အသက်၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတို့ကို စနစ်တကျလစ်လျူရှုထားတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်”ဟု စက်တင်ဘာ ၂၆ ရက်၊ အစီရင်ခံစာတင်သွင်းစဉ်မှာ ပြောဆိုခဲ့ပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် ၎င်းကိုယ်တိုင် သဘောတူထားသည့် အာဆီယံဘုံသဘော တူညီချက် (၅) ရပ်ကိုလည်း လစ်လျူရှုထားသကဲ့သို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ချမှတ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ကိုလည်း လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း မစ္စတာဗော်ကာတာခ် က ထောက်ပြထားပါသည်။

“အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အကူအညီ လိုအပ်နေသူတွေကို အတားအဆီးမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေး တောင်းဆိုချက်တွေအားလုံး လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်”။

မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြစ်ဒဏ်မှကင်းလွတ်နေမှုများ ဆက်တိုက် ဖြစ်နေခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ ဂရုစိုက်မှုအလုံအလောက်မရရှိခြင်းကိုလည်း မြန်မာပြည်သူလူထု အနေဖြင့် ကာလရှည်ကြာ ခံစားနေပြီမို့ “ဒါကို ပြောင်းလဲပစ်ရမယ်” ဟု မစ္စတာဗော်ကာတာခ်က နှိုးဆော်ထားသည်။

သုံးသပ်တင်ပြချက်

မစ္စတာဗော်ကာတာခ် ညွှန်းဆိုသော မြန်မာနိုင်ငံအတွင်းက ကြေကွဲစရာအဖြစ်ဆိုးများသည် အစီရင်ခံစာပါ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းတွင်ပင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ စစ်အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ယခု၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ ဖြစ်ပွားနေဆဲဖြစ်ပါသည်။

ထို့အတူ ရှေ့ဆက်၍လည်း ယင်းသို့သော ကြေကွဲစရာအဖြစ်ဆိုးများ ထပ်မံမဖြစ်ပေါ်လာနိုင်ဟု မည်သူ မျှ အာမခံနိုင်လိမ့်မည်မဟုတ်ပေ။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် အထိ မိမိတို့ BNI-Myanmar Peace Monitor ၏ နေ့စဉ်စောင့်ကြည့် မှတ်တမ်းအရ စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ရက်ပေါင်းသည် ၅၅၀ ရက် အထိရှိခဲ့နေပြီး ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက်မှုရက်ပေါင်း ၃၁၇ ရက်ရှိကာ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်များ အတွင်း တိုက်ခိုက်မှုများထက်ပင် ပိုမိုများပြားလာသည်ကို တွေ့ရသည်။

(မှတ်ချက် – မိမိတို့အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို မြို့နယ်အလိုက် ရက်ဖြင့်သာ မှတ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားနိုင်ပါသည်)
ထို့အတူ နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ အာဏာသိမ်းစစ်အုပ် စုနှင့် စစ်အုပ်စုဆန့်ကျင်ရေးအင်အားစုများအကြား စစ်ရေးပဋိပက္ခသည်လည်း ပိုမိုအပြန့်ကျယ်လာခဲ့ပါသည်။

စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်အရေအတွက်သည်လည်း စစ်အာဏာသိမ်း ကာလအတွင်း နှစ်သန်းကျော်အထိ ရောက်ရှိလာပြီ ဖြစ်သည်။

ဆိုရသော် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နေအိမ်မီး ရှို့ဖျက်ဆီးမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ရပ်တန့်သွားမည့် အလားအလာ အလွန်နည်းပါသည်ဟု ကောက်ချက် ချနိုင်ပါသည်။

OHCHR ၏ အစီရင်ခံစာကို လေ့လာကြည့်ပါက အာဏာသိမ်းစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြေကွဲစရာ အဖြစ်ဆိုးများအဖြစ် ကွင်းကွင်းကွက်ကွက် မြင်တွေ့ရသကဲ့သို့ စစ်အုပ်စုအား ဆန့်ကျင်သော နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကိုလည်း သတိချပ် ဆင်ခြင်စရာအဖြစ် တွေ့မြင်ရပါသည်။

မြန်မာပြည်သူလူထုသည် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ ယုံကြည်ရာ အနာဂတ်မျှော်လင့်ချက်များလည်း ကျိုးပဲ့ ပြိုပျက်နေရပြီ ဖြစ်သည်။

အရပ်သားပြည်သူများအပေါ် ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်နိုင်ရေး တာဝန်သည် နွေဦးတော်လှန်ရေးအင်အားစု တစုတဖွဲ့ချင်းစီတိုင်းတွင် တာဝန်ရှိသကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးတယူဖြင့် ဂရုစိုက်မှုလည်း အထူးလိုအပ်နေပြီဖြစ်သည်။

မြန်မာပြည်သူလူထုအရေးနှင့်ပတ်သက်ပြီး လေးဖင့်တုန့်ဆိုင်းနေဆဲဖြစ်သော နိုင်ငံတကာအသိုင်းအဝိုင်း၏ အတွေးအခေါ်အသစ်များ၊ ချဉ်းကပ်မှုအသစ်များကို အမြန်ဆုံးလိုအပ်နေ ပြီဖြစ်သည်။

၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် မစ္စတာဗော်ကာတာခ့်က မြန်မာပြည်သူ ထုနှင့်ပတ်သက်သော သတင်းစကားကို ယခုလိုသတိပေးထားပါသည်။
“ဆုံးရှုံးဖို့ အချိန်မရှိတော့ပါဘူး” ဟူ၏။.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...