အွန်လိုင်းလိမ်လည်မှု ၁၁၉မှု ဖမ်းဆီးနိုင်ခဲ့

ယခုနှစ် (၂၀၂၃) ခုနှစ်အတွင်း အွန်လိုင်း လိမ်လည်မှု (၁၁၉) မှု မှ တရားခံ (၇၆) ဦး နှင့် အွန်လိုင်း လောင်းကစားမှု (၅၈) မှု မှ တရားခံ ၁၃၄ ဦးတို့ ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း စစ်ကောင်စီ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ (အောက်တိုဘာ ၂)ရက်စွဲ၌ ရေးသားထားသည်။

အွန်လိုင်း လိမ်လည်မှု

အဆိုပါ အွန်လိုင်း လိမ်ညာမှုနှင့် အွန်လိုင်း လောင်းကစားမှု မှ တရားခံများကို ယခုနှစ် ဧပြီ (၁) ရက်မှ ဇွန် (၁၆) ရက်အထိ စစ်ဆင်ရေးကာလ သတ်မှတ်ပြီး တရုတ် – မြန်မာ – ထိုင်း (၃) နိုင်ငံ နားလည်မှုဖြင့် ထိရောက်စွာ ပူးပေါင်းဆောက်ရွက်ခဲ့ဖြင့် ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ယနေ့ ထုတ် သတင်းစာတွင် ရေးသားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နယ်စပ်ဒေသတလျောက်တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု ပိုမိုများပြား လာနေကြသည်။

အွန်လိုင်း လိမ်လည်မှုများနှင့် လောင်းကစားမှုများသည် တရုတ်နယ်ဒေသဖြစ်သည့် ကိုးကန့်ဒေသ၊ ဝ ဒေသနှင့် မူဆယ်မြို့တွင် အများအပြားရှိနေပြီး ထိုင်းနယ်စပ်ဒေသ တာချီလိတ်၊ ကျိုင်းတုံနှင့် ကရင်ပြည်နယ် မြဝတီနှင့် ရွှေကုက္ကုလ်မြို့မှာ ရာနှင့်ချီအွန်လိုင်း လိမ်လည်မှုများ ကြီးစိုးနေကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှု

တရုတ်နယ်စပ်ဒေသရှိ အဆိုပါ လုပ်ငန်းများမှာ လက်နက်ကိုင်တပ်ဖွဲ့များမှ လုံခြုံရေးအစောင့်တပ်အဖြစ် လုပ်ကိုင်နေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက် တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ကျင့်ဝှေဟွမ် ဟိုတယ်၊ ရီရှင်း ကုမ္ပဏီ၊ ခိုင်ဝေ နှင့် AK ကုမ္ပဏီ စသည့် ဟိုတယ် ၈ ခုမှ ကျားဖြန့်လုပ်ကိုင်သူနှင့် အွန်လိုင်းလိမ်လည်သူများကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည်။


“ တရုတ်တွေက ဖမ်းခိုင်းလို့ သူတို့ကဟန်ပြပြီး ဖမ်းရတာပေါ့။ ဒီအွန်လိုင်းလိမ်လည်မှု၊ ကျားဖြန့်လုပ်တဲ့သူတွေ ကလည်း ပြည်သူ့စစ်က တပ်စောင့်လုပ်ပေးတာကို စစ်ကောင်စီက ဖမ်းခိုင်းပြီဆိုရင် သူတို့က ဟန်ပြပြီး လုပ်ပေးတာ “ ဟု မူဆယ်မြို့ ဒေသကျွမ်းကျင်သူတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် “ဝ” ဒေသအတွင်း ရဲတပ်ဖွဲ့မှ အွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသား (၁,၂၀၇) ဦးကို ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

0
မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား (၅၂)ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်လာခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မိုင်းပန်မြို့၏ မြောက်ဘက် မိုင်း၂၀ အကွာ ကျိုင်းတောင်းမြို့ သွားရာလမ်းဘက် တောထဲတွင် အဆောက်အဦးအခိုင်အမာဆောက်လုပ်ပြီး အွန်လိုင်းလိမ်လည်မှုကို ပြုလုပ်နေသည့် ပုံနှင့်တကွ စစ်ကော်မရှင်ဘက် ယမန်နေ့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...