ဒေါနတောင်တိုက်ပွဲ ရွှေညောင်မြို့ အခြေစိုက် ခလရ (၉၄) တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း သေဆုံး

သျှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အခြေစိုက် ခလရ (၉၄) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး-ဗိုလ်မှူးသန့်ဇော်ဝင်း ဒေါနတောင် တိုက်ပွဲ၌ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၅ ရက်) တွင် အတည်ပြု ပြောသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA တပ်ပေါင်းစုက ဒေါနတောင်ပေါ်တွင် ဆက်တိုက် တိုက်ခိုက်နေရာ ခလရ (၉၄) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူက ယာယီ တပ်ရင်းမှူး ဆိုပေမယ့် နည်းဗျူဟာမှူး အနေနဲ့ တွဲကိုင်ထားပါတယ်။ ခလရ (၉၄) က ကလော အခြေစိုက် တပ်မ (၅၅) လက်အောက်ခံတပ်ပါ။ တပ်မ (၅၅) နဲ့ လက်အောက်ခံတပ်တွေ ကရင်နီနဲ့ ရခိုင်မှာ အကျများထားပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ခလရ (၉၄) တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း သည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၄၆) ကျောင်းဆင်းဖြစ်ပြီး ဒေါနတောင်ပေါ် ချီတက်စဉ် သေဆုံးခဲ့ကြောင်း၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း ဦးဇော်ဝင်း ဆိုသူက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ဦးဇော်ဝင်း ဆိုသူသည် ယခင် သမ္မတဦးသိန်းစိန်နှင့် သမ္မတဦးထင်ကျော် လက်ထက်မှသည် ယနေ့တိုင် မြန်မာနိုင်ငံသား ဦးရန်နိုင်ထွန်း ဆိုသူ အဂ်လန်နိုင်ငံ အခြေစိုက် ဘာကလေဘဏ်တွင် အပ်နှံထားသည့် ဒေါ်လာ ၄၅ ဘီလီယံနှင့် မြန်မာအစိုးရက ဆွစ်စလန်ဘဏ်တွင် အပ်နှံထားသည့် ရွှေတန်ချိန် ၈၀၀ ပြန်လည် ထုတ်ယူနိုင်ရေး အစိုးရ အကြီးအကဲများကို စာပို့တောင်းဆိုလေ့ရှိကြောင်း ၎င်းနှင့် တွေ့ဆုံဖူးသူ တစ်ဦးက ဆိုသည်။

“NLD လက်ထက်က နေပြည်တော်မှာ တွေ့ဖူးတယ်။ ဒေါ်လာ ၄၅ ဘီလီယံနဲ့ ရွှေတန်ချိန် ၈၀၀ ထုတ်ပြီးရင် နိုင်ငံတော်ကို လှူမယ်ပေါ့ဗျာ။ နိုင်ငံတော်က ကူညီပေးပါပေါ့။ အဲကိစ္စ မှန်တာမှားတာကတော့ ဒီအချိန်မှာ မပြောချင်ဘူး။ သူ့မှာ သားသမီးရှိမရှိဆိုတာ သေချာမသိဘူး။ တခါပဲ ဆုံဖူးတာပါ” ဟု ၎င်းကရှင်းပြသည်။

ယင်းကိစ္စများအား ဦးဇော်ဝင်း ၏ လူမှုကွန်ရက်၌ ယနေ့တိုင် ပြန်လည် ဖော်ပြနေသည်ကို တွေ့ရသည်။

သျှမ်းတောင်၊ ကလောမြို့ အခြေစိုက် တိုက်ခိုက်ရေး တပ်မ (၅၅) နှင့် လက်အောက်ခံ တပ်ရင်းများ ကရင်နီပြည်နှင့် ရခိုင် စစ်မျက်နှာများတွင် အင်အားရာနှင့်ချီ သေဆုံးထားကာ အင်အား လျှော့နည်းနေပြီး ယခု အောင်ဇေယျ စစ်ဆင်ရေးဟု ဆိုကာ မြဝတီမြို့သို့ ဦးတည် ချီတက်စဥ် ထပ်မံ၍ အကျအဆုံးများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...