မိုးမိတ် စစ်ကောင်စီ တပ်စခန်းအနီးရှိ လယ်ယာထဲ မြေမြှုပ်မိုင်းရှိနေ

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း အနီးရှိ လယ်ယာများထဲတွင် မြေမြုပ်မိုင်းများ ရှိနေသဖြင့် ပြည်သူများ မသွားရဲကြောင်း စုံစမ်းသိရသည်။

မိုးမိတ် နေအိမ်ပျက်စီးပုံ

မိုးမိတ်မြို့နယ်ရှိ ခေးနှင်းကျေးရွာ၊တိုးပင်ကျေးရွာတို့တွင် မေလပထမပတ်မှ စ၍ လယ်ယာသွား၍ ရေမြှောင်ရှင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ကာ စိုက်ပျိုးရေးလုပ်ရန်လိုအပ်နေသည့် ပြည်သူများသည် စစ်ကောင်စီ၏ မြေမြုပ်မိုင်းများကြောင့် မသွားရဲကြောင်း မိုးမိတ်မြို့ အသက် ၃၀ ဝန်းကျင် ‌‌ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေက သူတို့ တပ်စခန်းအနီးတဝိုက်မှာရှိတဲ့ လယ်တွေထဲမှာ မြေမြုပ်မိုင်းတွေ ထောင်ထားတယ်။ အခုက ကျနော်တို့ရွာသားတွေက မြှောင်းရှင်းဖို့ အဲ့ရေးတွေကို လယ်ထဲထည့်ဖို့လုပ်လို့မရဘူး။ သူတို့ကလည်း ပေးမသွားဘူး။”ဟု မိုးမိတ်မြို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် မိုးမိတ်မြို့ရှိစစ်ကောင်စီမှလည်း တပ်စခန်းအနီးတွင် မသွားရန်တားမြစ်ထားပြီး၊မြေမြုပ်မိုင်များကို မည်သည့်နေရာတွင် မြုပ်ထားကြောင်း မမှတ်သည့် အပြင် ပြည်သူများနင်းမိပါက စစ်ကောင်စီဘက်မှ​ တာဝန်ယူမည် မဟုတ်ကြောင်းလည်း ဒေသခံ များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုထောင်ထားသော မြေမြုပ်မိုင်းများကြောင့် ကျွဲ၊နွားနှင့် ခွေးများနင်းမိ၍ ပေါက်ကွဲမှုများ ရှိနေပြီး၊ သစ်ကိုင်းများ ကျိုးကျခြင်းကြောင့် နှစ် လုံးဆင့် သုံး လုံးဆင့် ပေါက်ကွဲမှုများရှိနေကြောင်း ဒေသခံများက ဆက်ပြောသည်။

မိုးမိတ်မြို့ရှိ နံနက်ဈေးကို နံနက် ၇ နာရီမှ ၁၀ နာရီထိပြန်ဖွင့်နေပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖုန်းလိုင်းများလည်း မကြာခဏ ပြတ်တောက်နေကြောင်းသိရသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြားတိုက်ပွဲများကြောင့် ဒေသခံနေအိမ်ထိခိုက်ပျက်စီးမှု ၅၀၀ ကျော်ထက်မနည်း ရှိကြောင်း နေရပ်ပြန်သွားသည့် ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...