သျှမ်း – ကရင်နီ (ကယား) နယ်စပ် စစ်ရှောင်များ ထောက်ပံ့မှု ပိုလိုအပ်နေ

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ တကြောတွင် စစ်ကောင်စီမှ စားနပ်ရိက္ခာများ သယ်ယူခွင့် တင်းကြပ်နေသဖြင့် စစ်ရှောင်များ တောတောင်ထဲရှိ ဟင်းသီးဟင်းရွက်များကိုသာ ရှာဖွေစားသောက်နေကြောင်း သတင်းရရှိသည်။

စစ်ရေးတင်းမာနေသည့် နယ်စပ်ဒေသတလျောက်တွင် စစ်ကောင်စီသည် ဆေးဝါး နှင့် စားနပ်ရိက္ခာများ သယ်ယူခွင့်ကို တားမြစ်ထားသောကြောင့် လုံလောက်သည့် ဆန်၊ ဆီ၊ ဆားများ မရှိကာ စစ်ရှောင်များသည် ချွေသာပြီး စားနေရကြောင်း ဖယ်ခုံ စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

Photo – Credit ( သျှမ်း – ကရင်နီ နယ်စပ်ရှိ စစ်ရှောင်များ)

“လမ်းကြောင်းမှာ စားနပ်ရိက္ခာတွေ သယ်ယူဖို့က ခက်တယ်။ အရင်သယ်နေကျလည်း တိုက်ပွဲကြောင့် ပိတ်ထားရတယ်။ ရတဲ့လမ်းကြောင်းတွေမှာက PNO စစ်သားတွေ စောင့်ပြီး ပိုက်ဆံတောင်းတယ်။ ဆန်၊ ဆီ ပေးမသယ်ဘူး။ ဒီဇယ်တောင်မှ အခွန်ဆောင်ပြီး ပေးရတာ။ အလှူရှင်ရှိမှ ကျနော်တို့ စစ်ရှောင်တွေ ဆန်ဝေပေးရတယ်။ မရှိရင် ကြံဖန်ပြီး ဝယ်ရတယ်။ ချွေသာပြီး စားရတယ် “ ဟု ၎င်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်ဦးရေ (၇) ထောင် အတွက် တစ်လလျှင် ဆန်အိတ်ပေါင်း ၂၀၀ ကျော် မျှဝေသာပေးရကြောင်း ၎င်းကဆိုသည်။

အလားတူ လွိုင်ကော် နှင့် ဖားဆောင်းမြို့အကြား ဒီးမော့ဆို၊ ဖရူဆို နှင့် သျှမ်းပြည်နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲမြို့ရှိ စစ်ရှောင်များ ထွက်ပြေးလာစဉ် အချိန်ကြာလာသည်နှင့်အမျှ ဆေးဝါး နှင့် စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးသည့် အလှူရှင်များလည်း နည်းပါးလာခဲ့သည်။

လက်ရှိ စစ်ရှောင်များ နေထိုင်သည့်နယ်မြေအတွင်း အလုပ်အကိုင် အခွင့်အလမ်းမရှိကာ ဝင်ငွေလည်းမရှိတော့သဖြင့် စားနပ်ရိက္ခာတချို့ကို အလှူရှင်မှ ထောက်ပံ့မှုလွဲ၍ လိုအပ်ချက်များကို ကိုယ်တိုင်ဖြေရှင်းနေရကြောင်း ဒီးမော့ဆိုစစ်ရှောင် ကူညီသူတစ်ဦးက ပြောသည်။

“ဆန်ပြတ်တဲ့ မိသားစုတွေတော့ စခန်းကော်မတီထံ လက်မှတ်နဲ့ သွားတောင်းရတယ်။ ဒီမှာက အရေးပေါ် အတွက် လာယူတဲ့နေရာတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အလှူရှင်တွေက အများကြီး မပေးထားဘူး။ တစ်ယောက်ကို ၁ ပြည်၊ ၂ ပြည်နှုန်းပဲ ပေးနိုင်တယ်။ လက်မှတ်နဲ့ ဟိုမှာလိုက်တောင်းလိုက်၊ ဒီမှာလိုက်တောင်းလိုက် လုပ်ရတာပေါ့“ ဟု ၎င်း စစ်ရှောင်ကူညီတစ်ဦးက ပြောသည်။

အလှူရှင်များ ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့ နှင့် စစ်ရှောင်များသည် တောတောင်ထဲရှိ ဟင်းသီးဟင်းရွက်များကိုသာ ရှာခူးပြီးစားရ၍ (အသား၊ ငါး) ဟင်းကို ကြာကြာနေမှသာ တစ်ခါ စားရကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲနယ်မြေ ဖြစ်သည့်အလျာက် လမ်းပန်းဆက်သွယ်ရေးခက်ခဲရာမှ လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်အိတ် တစ်အိတ်ကို ကျပ်ငွေ ၁ သိန်း ဝန်းကျင်ရှိပြီး ကြက်ဉတစ်လုံးကို ကျပ်ငွေ ၃၀၀ ကျော်၊ ၄၀၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်နေသည်။

အဆိုပါ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည့် ကာလအတွင်း အလှူရှင်ထောက်ပံ့မှုများ ပြတ်တောက်ပါက စစ်ရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

အလားတူ မိုးဗြဲမြို့ စစ်ရှောင်အမျိုးသားတစ်ဦးက “ ဒီဆည် (ရေကာတာ) အောက်မှာ စိုက်ပျိုးလို့ မရဘူး။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းထုတာ။ ဖယ်ခုံဘက်က မိုးပေါက်ရင်တော့ စပါးနည်းနည်း စိုက်လို့ရသေးတယ်။ အခု ကျနော်တို့တော့ အကူညီလိုအပ်နေတာပေါ့။ ပေးနိုင်ရင်တော့ ဝမ်းသာမှာပါ “ ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စားနပ်ရိက္ခာများ လုံလောက်စွာ ထောက်ပံ့မှု မရှိခြင်းကြောင့် စစ်ရှောင်များသည် အစာအာဟာရပြတ်လပ်နေပြီး နေမကောင်း၊ မကျန်းမာသည့် အချိန်၌ ဆေးဝါးလုံလောက်မှု မရှိသောကြောင့် အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း စစ်ရှောင် ၁၄၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...