စစ်ကောင်စီ ဖမ်းဆီးသွားသည့် ပင်းတယမြို့နယ် အမျိုးသမီး ကိုယ်ဝန်ပျက်ကျ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် နေထိုင်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ်၊ ဆင်ခေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ အလုံးအရင်း ဝင်ရောက်လာပြီး အိမ်ရှင်အမျိုးသားကို လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် အိမ်ထဲတွင် နေထိုင်သည့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် အမျိုးသမီးသည် အသက် ၂၃ နှစ်အရွယ်သာရှိပြီး ကိုယ်ဝန် (၃) လကျော် လွယ်ထားရသူ ဖြစ်သည်။

“သူတို့ (စစ်ကောင်စီ) လာဖမ်းချိန်တုန်းက အင်အား ၁၀ ယောက်လောက်ရှိမယ်။ အဲ့မှာ အမျိုးသမီး တစ်ဦးတည်းရှိချိန်မှာ သူ့အမျိုးသားကို ရှာမတွေ့လို့ သူ့ကို ဖမ်းသွားတာ။အဲ့မှာ ပင်းတယမြို့မှ ရွာငံ သွားချိန်မှာ သွေးဆင်းပြီး၊ ရွာငံဆေးရုံကို ပို့လိုက်တယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကိုယ်ဝန်သည်အမျိုးသမီးကို ဖမ်းသွားပြီး လမ်းတဝက်တွင် သွေးဆင်းလာသဖြင့် ရွာငံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ကိုယ်ဝန်ပျက်ကျသည်ဟုဆိုပြီး ရွာငံပြည်သူ့ဆေးရုံတွင် တစ်ညအိပ်ခဲ့ရကြောင်း ၎င်းက ဆိုပြန်သည်။

“ကိုယ်ဝန်က အရမ်းနုတာလည်း ပါတယ်။ ပြီးတော့ စစ်သားတွေချည်းရှိတဲ့ အိမ်စီး ကားထဲမှာ အမျိုးသမီးက သူတစ်ယောက်တည်းလေ၊ အဲ့တာတွေလန့်ပြီး ကိုယ်ဝန်ပျက်တာလည်း ဖြစ်နိုင်တယ်၊ စကစက သူ့ကို ရွာငံဆေးရုံမှာ တစ်ညအိပ်ခိုင်းတယ်၊ နောက်တစ်နေ့မှာ ပင်းတယကို ပြန်ပို့ပေးပြီး အခုထိ ပင်းတယဆေးရုံမှာ ဆေးကုသနေတုန်းပဲ” ဟု ဖြစ်စဥ်ကို သိရှိသူ တစ်ဦးက ထပ်လောင်း ပြောသည်။

လက်ရှိမှာ ရွာငံ ပြည်သူ့ဆေးရုံမှ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...