ကွတ်ခိုင်မြို့နယ် SSPP နှင့် TNLA  အချင်းချင်း ကြား ထိတွေ့တိုက်ပွဲဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အချင်းချင်းကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

TNLA နှင့် SSPP တပ်

ယမန်နေ့ (စက်တင်ဘာလ ၂၃ )ရက် မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်မှ စတင်ကာ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု  ကျေးရွာအုပ်စု၊ ဖာပျဥ်ကျေးရွာအနီး (ဝၢၼ်ႈၽႃပႅၼ်ႈ)  ၌  SSPP/SSA  ကို  TNLA  တပ်ဖွဲ့မှ စတင်ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း SSPP/SSA မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဥ်က မနေ့က ကျနော်တို့လူ စစ်ကြောင်း တစ်ခုပေါ့နော်၊ မိုင်းပါးဘက်ကနေ မိုင်းယုဘက်ကို အရေးကြီး တက်လာဖို့ ရှိတယ်။ အဲ့ဘက်မှာ TNLA နဲ့ စစ်ကောင်စီနဲ့လည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်ဆိုတော့ စစ်ရေး သဘောအရ ဒီလမ်းကို အသုံးပြုမယ်ဆိုပြီး ကြိုတင် အကြောင်းကြားမှုတော့ရှိခဲ့တာပေါ့၊ ဒါပေမဲ့ မန်ပန်ရွာ (ဝၢၼ်ႈပၢင်ႇ) တောင်ဘက်အရောက် ဖာပျဥ်ရွာနားမှာ ကျနော်တို့ကို သူတို့က စတိုက်ခိုက်ခဲ့တာပဲ၊ ၁ နာရီကနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တယ်” ဟု  မြေပြင်အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ (စက်တင်ဘာလ ၂၄ )ရက် အထိ နှစ်ဖက် တပ်ဖွဲ့၏ မြေပြင် စစ်ရေး တင်းမာမှု ဆက်လက်ရှိနေသေးသည့်အတွက် တိုက်ပွဲကြား နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုများကို အတည် မပြုနိုင်သေးကြောင်းလည်း အဆိုပါ အရာရှိက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာသည် အာဏာသိမ်း စစ်ကောင်စီနှင့် TNLA တပ်တို့  စစ်ရေးတင်းမာမှုလည်း ရှိနေကြောင်း သိရသည်။

TNLA နှင့် SSPP တို့သည် UWSA “ဝ” တပ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု တွင် ပါ၀င်နေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

သို့သော်လည်း နေပြည်တော် အစိုးရ ဦးဆောင်ဖော်ဆောင်နေသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးတွင် TNLA နှင့် စစ်ကောင်စီ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သား (၆) ဦး ထက်မနည်း သေဆုံးပြီး TNLA ဘက်မှလည်း ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ကြောင်း သတင်းသိရသည်။

သြဂုတ်လနှောင်းပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ် နှင့် အနီးပတ်ဝန်းကျင်တို့၌ စစ်ကောင်စီ နှင့် TNLA တပ်တို့၏ စစ်ရေးပြင်းထန်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု  ၊ နေအိမ် နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ နေ့စဥ် နှင့် အမျှ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...