မူဆယ်မြို့နယ် အတွင်း တိုက်ပွဲ ဆက်ဖြစ် စယ်လန့်စျေးနေ့ ပိတ်ထားရ
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး ယနေ့ (ဇူလိုင် ၃၀)ရက် တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့ ကြားတိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃၀)ရက်ထိ စယ်လန့်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် စယ်လန့်စျေးနေ့ဖြစ်သော်လည်း စျေးပိတ်ထားရကြောင်း စယ်လန့်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ တိုက်ပွဲက ဒီနေ့မနက်ထိ...
စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်၊ ဆိုင်ခန်းတွေ ပိတ်ထားရ
သျှမ်းပြည် မူဆယ်မြို့နယ် ၊ စယ်လန့်ကျေးရွာအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၂၉) ရက် မွန်းလွဲပိုင်း ၁...
မောက်မယ် ကဒူးကြီး အမျိုးသားတစ်ဦး တောင်ယာသွားနေစဉ် မိုင်းနင်းမိ သေဆုံး
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ နမ့်ပါတက်ကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာ သွားနေစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်း ၁၂ နာရီတွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နမ့်ပါတက်ကျေးရွာ၏ အနောက်ဘက်ရှိ တောင်ယာသို့ အသက် ၃၂ နှစ်အရွယ်...
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေသွားသည့် အမျိုးသား အလောင်းကို စစ်ကောင်စီမှ လာရောက်လုယူသွား
သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်အွမ်ကျေးရွာ အနီး ဆိုင်းခေါင်(ဝ်) ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီမှ လာရောက် လုယူသွားကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်း...
မူဆယ်မြို့နယ် စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရ
သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအနီး ၊ ဆိုင်းခေါင်(ဝ်) ကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ တစ်ဦးသေ တစ်ဦး ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅) ရက် နံနက်ပိုင်းတွင် ဆိုင်းခေါင် (ဝ်) ကျေးရွာအတွင်း...
ကျောက်မဲမြို့ပေါ်သို့ ၂ နှစ်နီးပါး တိမ်းရှောင်သည့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်
SHAN -
ကျောက်မဲမြို့အတွင်းသို့ ၂ နှစ်နီးပါး စစ်ဘေးတိမ်းရှောင်လာသည့် စစ်ရှောင် (၅) ထောင်ကျော်မှ စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်သွားကြောင်း စုံစမ်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် မေလမှ စတင်ပြီး လက်ရှိချိန်ထိ နေရပ်သို့ ပြန်သွားသည့် စစ်ရှောင် (၄၀၀) ကျော်၊ အိမ်ခြေ...
စယ်လန့်ကျေးရွာ TNLA နှင့် စစ်ကောင်စီ တိုက်ပွဲကြား ပြည်သူ့စစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အနီး ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့စစ် ၁ ဦးသေ ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း...
စယ်လန့်ကျေးရွာအနီး TNLA နဲ့ စကစ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ
သျှမ်းပြည် မူဆယ်ခရိုင်၊ စယ်လန့်ကျေးရွာအနီးရှိ နမ့်မွမ်းတံတားအနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၃ ) ရက် ညနေပိုင်း ၅...
“မိုးဗြဲ – ပင်လောင်းတွေဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ချေရှိတယ်”
သျှမ်း - ကရင်နီ နယ်စပ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ကရင်နီ မယ်စဲ့မြို့ ၊ ဘောလခဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကရင်နီပြည်တွင်း တိုက်ပွဲ အခြေနေ ဘယ်လိုရှိနေလဲ။ သျှမ်းပြည် ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ်ဘက်မှာကော...
မိုးဗြဲမြို့ထဲ ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦး ပစ်ခတ်ခံရ၊ အမျိုးသား သေဆုံး
သျှမ်းပြည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦး ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်တွင် မိုးဗြဲမြို့ ဒုံထုန်ထန်ရပ်ကွက်အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦးကို စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသားဖြစ်သူသည် အခင်းဖြစ်နေရာ အိမ်ခြံဝင်းထဲ၌ သေဆုံးသွားကာ...





