မူဆယ်မြို့နယ် တိုက်ပွဲ ဒေသခံများ စစ်ရှောင်ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စစ်ရှောင်ထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုသို့ စစ်ရှောင်ထွက်ပြေး လာသည့် ဝိန်းနန်းကျေးရွာမှ ဒေသခံ ၅၀ နီးပါး ရှိနေပြီး ပန်ခမ်းဘုန်းကြီးကျောင်းတွင် ၃၀ ကျော်လာရောက်နေထိုင်ပြီး ရပ်ရွာထဲရှိ ဆွေမျိုးများထံသို့ သွားရောက်စစ်ရှောင်ခဲ့သည့် ဒေသခံများလည်းရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ဝိန်းနန်းရွာဘက်မှာ လက်နက်ကြီးကျလို့ တချို့လည်း မနေ့ညနေ ကတည်းက ရောက်လာကြတယ်၊ တချို့လည်း ဒီနေ့မှ ရောက်လာတာပေါ့၊ ဆွေမျိုးရှိတဲ့သူတွေက ဆွေမျိုးအိမ်မှာ နေနေကြတယ်၊ ဘုန်းကြီးကျောင်းမှာတော့ ၃၀ ကျော်ပဲ ရှိတယ်” ဟု ပန်ခမ်းရွာခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်ခမ်းဘုန်းကြီးကျောင်းရောက် ဝိန်းနန်းရွာ စစ်ရှောင်များကို ဒေသခံများမှ နေရာထိုင်ခင်း နှင့် စားသောက်ရေး အတွက် စီစဥ်ပေးထားလျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် မူဆယ်မြို့နယ် စန်းဆာကျေးရွာ နှင့် စယ်လန့်ကျေးရွာ အုပ်စုတို့မှ ဒေသခံများလည်း မူဆယ်မြို့ပေါ် ရပ်ကွက်များရှိ ဆွေမျိုးများထံသို့ စစ်ရှောင်ရောက်ရှိနေလျက်ရှိကြောင်း မူဆယ်မြို့မှ စစ်ရှောင်ကူညီပေးသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောလောဆယ်တော့ စစ်ရှောင်စာရင်း အတိအကျ မသိရသေးဘူး၊ နောင်လောင်းအုပ်စု၊ မန်နိမ်ရွာက ဇရပ်မှာတော့ ၂၅၀ လောက်ရှိတယ်။ ရပ်ကွက်ထဲက အမျိုးတွေဆီ နေနေတဲ့ ဦးရေ အတိအကျကတော့ ကျနော်တို့ မရရှိသေးဘူး” ဟု မူဆယ်မြို့မှ စစ်ရှောင်ကူညီပေးသူ အမျိုးသားက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေး အပိုင်းကို ဒေသခံများ၊ လူမှုကူညီရေး အသင်းများမှ စုပေါင်းပြီး ကူညီပေးထားသော်လည်း တိုက်ပွဲ ရက်ရှည်ကြာလာပါက စားနပ်ရိက္ခာအကူအညီ လိုအပ်လာနိုင်ကြောင်းလည်း စစ်ရှောင် ကူညီပေးနေသူက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း TNLA နှင့် စစ်ကောင်စီ တို့တိုက်ပွဲကြား မူဆယ်မြို့နယ် ဆုတောင်းတောင် ဘုန်းကြီးကျောင်းရှိရာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် အတွက် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်တွင် TNLA နှင့် စစ်ကောင်စီကြား တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ သေနတ် ၅ လက်၊ ပစ္စတို ၂ လက်၊ စက်လက် ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံးတို့ အပြင် လက်နက်ခဲယမ်း နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ကာဖျူးကိုလည်း ထုတ်ပြန်ထားပြီး ဒေသခံများ ည (၁၀) နာရီမှ နံနက် (၄) နာရီအတွင်း အပြင်ထွက် သွားလာခြင်း မပြုကြရန် ၊ လူ (၅) ဦး နှင့်အထက် စုဝေးခြင်းများ မပြုကြရန် ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ ကာဖျူးသည် စက်တင်ဘာလ (၁၉) ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...