မိုးမိတ် – မိုးကုတ်လမ်းမပေါ် စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်တားမြစ်

မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးမိတ် – မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်မှစပြီး စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မိုးကုတ် PDF ပူးပေါင်းတပ်တို့အကြား မိုးကုတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ မိုးမိတ် – မိုးကုတ် လမ်းပိုင်းကို ယနေ့အချိန်ထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသအတွင်း တက်ကြွ လှုပ်ရှားသူ ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ ဒီလထဲမှာပဲ စစ်ကောင်စီက လမ်းတွေကိုပိတ်လိုက်တာ။ ဘယ်သူ့ကိုမှ ဖြတ်သန်းသွားလာခွင့် မပေးဘူး။  KIA၊ TNLA နဲ့ PDF တွေအရပ်ဝတ်ပြီး ဝင်လာမှာကြောက်လို့ ထင်တယ်။ ကျနော်တို့ ပြည်သူတွေ အတွက်တော့ ခက်တာပေါ့ဗျာ။ အလုပ်အကိုင်နဲ့ သွားလာဖို့ အဆင်မပြေဘူး “ ဟု ၎င်း အမျိုးသားက ပြောသည်။

အလားတူ စက်တင်ဘာလ ၁၉ ရက်တွင်လည်း မိုးကုတ်မြို့ အရှေ့တောင်ဘက်ရှိ အောက်ညောင်ကုန်းရွာနှင့် ယင်းရွာအနီးရှိ အထက်ညောင်ကုန်းရွာ၊ ကုန်းစံရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်း နှစ်ကြောင်းကို TNLA တပ်မဟာ – ၂ လက်အောက်ခံ တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးကလည်း “ စစ်ကောင်စီ လမ်းပိတ်ထားတာက ကျနော်တို့ကို တော်တော်ထိခိုက်တယ်။ ကျနော်တို့ စားဝတ်နေရေးအတွက် အလုပ်သွားလာဖို့ အခက်ခဲဖြစ်တယ်။ ဒီလို ပိတ်ထားတော့ ကျနော်တို့လည်း မသွားရဘူး “ ဟု ၎င်းဆိုပြန်သည်။

မိုးကုတ်မြို့နယ် နှင့် သျှမ်းပြည် မူဆယ်၊ ကွတ်ခိုင်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ကြား တရက်တည်း၌ တိုက်ပွဲ ၇ နေရာ ဖြစ်ပွားခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...