သိန္နီမြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့များ စစ်အင်အား အပြိုင် ဖြည့်တင်းနေ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်အင်အား အပြိုင်ဖြည့်တင်းမှု ရှိနေသည့်အတွက်ကြောင့် စစ်ရေး ပိုမိုပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

.

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာမှ စစ်အင်အား ၂၀၀ နီးပါး ရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ကြောင်းတစ်ခုသည် ကွန်ကောက်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာအနီးသို့ စစ်အင်အားဖြည့် ရောက်ရှိလာကြောင်း သိရသည်။

Photo- Credit ( SSPP တပ်သား)

“ကား နဲ့ပဲ ရောက်လာကြတာ။ အရပ်ကား နဲ့ စစ်ကား ၁၀ စီးကျော်တယ်။ စုစုပေါင်း အင်အားလည်း ၂၀၀ နီးပါး လောက်တော့ ရှိတယ်။ စယ်အူဘက်ကနေ ဟိုနောင်ကျေးရွာ နားမှာ ရောက်လာတာ၊ အဲ့ဒီနားမှာ စစ်ကောင်စီတပ် နဲ့ KIA တပ်လည်း ရှိနေတယ်” ဟု ကွန်ကောက်ကျေးရွာအုပ်စုမှ အမည် မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ SSPP/SSA တပ်သားများ စစ်အင်အားဖြည့် ရောက်လာသည့် နေရာ အနီးပတ်ဝန်းကျင်သည် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်တို့ စစ်ရေးတင်းမာနေသည့် နေရာ ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ည (၈) နာရီဝန်းကျင် အချိန်တွင်လည်း သိန္နီမြို့မှ ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ကွန်ကောက်ကျေးရွာအုပ်စုအတွင်းသို့ အင်အားဖြန့်ကျက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

Photo- Credit ( သျှမ်းပြည်တွင်း တစ်နေရာ စစ်ကောင်စီ စစ်အင်အားဖြည့်တင်းနေသည့် ယာဥ်တန်း)

ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း စစ်အင်အား အပြိုင် ဖြည့်တင်းနေမှုကြောင့် စစ်ရေးပိုမိုပြင်းထန်လာမှာကို စိုးရိမ်ရကြောင်းလည်း အသက် (၅၀) ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြောက်တာကတော့ အားလုံးကြောက်ရတာပေါ့၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက သေနတ်တွေကိုင် ကြတာကိုး။ တို့ ပြည်သူတွေက ဘာမှ မရှိဘူး၊ အရင်နေ့တွေမှာလည်း စစ်ကောင်စီ နဲ့ KIA တိုက်ပွဲ ဖြစ်ခဲ့တော့ အခုလို စစ်အင်အား ထပ်ဖြည့်တာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်မလားပေါ့၊ အဲ့တာတွေလည်း ကြောက်ရတယ်” ဟု အသက် (၅၀) ဝန်းကျင် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာ နှင့် ပိန်းကန်း ( ဝၢၼ်ႈပဵင်းၵၢင်း) ကျေးရွာကြား၌ စစ်ကောင်စီ နှင့် KIA တပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံ ၇၀ ကျော်ကလည်း စစ်ရှောင်နေရသည်။

ယနေ့အချိန်တွင် ပစ်ခတ်သံများ မကြားရသော်လည်း ကွန်ကောက်ကျေးရွာအုပ်စုအတွင်း စစ်ရေး တင်းမာမှု ရှိနေသေးသည့်အတွက် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...