Wednesday, January 28, 2026

မိုးကုတ်မြို့ နယ် နေအိမ်တစ်လုံး လက်နက်ကြီး ကျရောက်ပေါက်ကွဲ အသက် (၅) နှစ်အရွယ် သေဆုံး

မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာရှိ နေအိမ် ခြံဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် (၅) နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် မနက်ပိုင်း အချိန်တွင် ညောင်ကုန်းကျေးရွာမှ နေအိမ်တစ်လုံးအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထဲရှိ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့သလို အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Photo – Credit ( လက်နက်ကြီးထိမှန်သည့် အမျိုးသား)

ထိုသို့ ထိခိုက်ဒဏ်ရာရရှိပြီးနောက် ဒဏ်ရာရသူကို မိုးကုတ်မြို့သို့ ပို့ဆောင်ရန် လုပ်ဆောင်စဥ် စစ်ကောင်စီမှ လမ်းပိတ်ဆို့ထားသောကြောင့် ဖြတ်သန်းသွားလာ၍ မရကာ လူနာကို ကျောက်မဲမြို့ရှိ ဆေးရုံသို့ လွှဲပြောင်းစဉ် လမ်းတစ်ဝက်၌ အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ မိုးကုတ်မှာ လမ်းတွေ ပိတ်ထားလို့ သွားလာလို့ မရဘူး။ အဲ့ကြောင့် ကျောက်မဲမြို့က ဆေးရုံကို လွဲလာလိုက်တာ။ ကလေးက သွေးထွက်လွန်ပြီးတော့ လမ်းမှာဘဲ ဆုံးသွားတယ် “ ဟု ၎င်းကို သွားရောက်ကူညီခဲ့သည့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် အသက် ၅ နှစ်အရွယ် စိုင်းအောင်ကောင်းမြတ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူသည် ၎င်း၏ ဖခင်ဖြစ်သူ စိုင်းအောင်ဝင်းသည် ဦးခေါင်း၊ ညာလက် နှင့် ဘယ်ဘက်ပေါင်၌ ဒဏ်ရာရရှိခဲ့သည်။

လက်ရှိမှာ ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျက်ရှိပြီး ကုသစရိတ်အတွက် ငွေရေးကြေးရေး အခက်ခဲ ဖြစ်နေကြောင်းလည်း သိရသည်။

“ဆေးကုသဖို့အတွက် ငွေရေးကြေးရေး အခက်ခဲ ဖြစ်နေတယ်။ ကူညီဖို့အတွက် ဆွေမျိုး၊ မိတ်ဆွေတွေထံ ဖုန်းဆက် ချေးငှားဖို့တောင်းနေတာလည်း တွေ့ရတယ် “ ဟု နမ့်ခုံးရှမ်းများ ပရဟိတအသင်း တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ နှင့် TNLA၊ PDF တို့အကြား တိုက်ပွဲ ပြင်းထန်နေလျက်ရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေလျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...