Tuesday, January 27, 2026

ကွတ်ခိုင်မြို့နယ် စစ်တပ်စခန်းဟောင်းအနီး အမျိုးသားတစ်ဦး မိုင်းနင်းမိ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်၏ စခန်းဟောင်းကုန်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၂ အတွင်းရှိ စစ်တပ်၏ ၄၅ စခန်းဟောင်းကုန်း (ညောင်ပင်ကုန်း) အနီး၌ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ထင်းခွေသွားရန် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်စခန်းအောက်မှာ နင်းမိတာ။ ၄၅ စခန်းဟောင်းကုန်းလို့ ပြောကြတယ်။ ထင်းခွေဖို့ သွားလာရင်း မိုင်းနင်းမိတာ။ ဒဏ်ရာကတော့ ခြေထောက်တစ်ဖက်ပြတ်သွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ အမျိုးသားကို တိုက်နယ်ဆေးရုံမှတစ်ဆင့် ကွတ်ခိုင်စစ်ဆေးရုံသို့ ဆေးဝါးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း သွားရောက်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

“ ၄၅ တပ်စခန်းဟောင်း နဲ့ ဗြုန်းတောင်နဲ့က တကြောထဲပဲ။ အရင်တုန်းက ၄၅ တပ်ရင်းဘဲ ရှိတာလေ။ အဲ့ဒီနေရာမှာ ညောင်ပင်ကုန်းလို့လည်း ခေါ်တယ်။ စေတီကုန်းလို့လည်း ခေါ်တယ် “ ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တပ်စခန်းအနီးတွင် သွားရောက်ပြီး ထင်းရှာဖွေခြင်း မပြုလုပ်သင့်ရန်၊ တပ်စခန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများလည်း မြေမြှုပ်မိုင်းအန္တရာယ်ရှိသည့် နယ်မြေများဖြစ်ကြောင်း ထင်ရှားသည့်အမှတ်အသား ထားသင့်ကြောင်းလည်း အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိမှာ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် TNLA တို့အကြား စစ်ရေးတင်းမာနေလျက်ရှိသလို SSPP နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...